ယင်းမာပင်မြို့ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကျေးရွာများမှ ဒေသခံများ မိုးထဲလေထဲစစ်ရှောင်နေရ

By လွှမ်းမိုး (မဇ္ဈိမ)
18 August 2023
ယင်းမာပင်မြို့ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကျေးရွာများမှ ဒေသခံများ မိုးထဲလေထဲစစ်ရှောင်နေရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်း မြစ်ကြောင်းတလျှောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျောက်မှော် ၊ စုန်းချောင်း ၊ စည်သူ ၊ ပန်းတိမ်ပြင် ၊ ကျောက်ကုန်း ၊ နွားခြံကုန်း စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် မိုးထဲ၊လေထဲ စစ်ရှောင်နေရပါတယ်။

စစ်ကောင်စီတပ်က ကုန်းကြောင်းရော  ရေ​ကြောင်းကပါ အင်အားသုံးစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ တစ်နေရာကနေ တစ်နေရာ ကို ရွှေ့ပြောင်းနေထိုင်ကြရပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် ဝေးနိုင်သမျှ အဝေးဆုံးကို ရှောင်ပြေးနေရပါတယ်။ 

စစ်ရှောင်ရက် ကြာလာတာနဲ့အမျှ စားဝတ်နေရေးနဲ့ ကျန်းမာရေးခက်ခဲလာတာအပြင် မိုးရာသီကြောင့် အမိုးအကာတွေပါ လိုအပ်နေတယ်လို့ သိရပါတယ်။

တင်ဆက်-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly