မန္တလေးကျံုးဘေးရေစုပ်စက် အသုံးပြုရေကစားသူများ ဧပြီ ၁၀ရက်နေ့ နောက်ဆုံးထားလျှောက်ရမည်

မန္တလေးကျံုးဘေးရေစုပ်စက် အသုံးပြုရေကစားသူများ ဧပြီ ၁၀ရက်နေ့ နောက်ဆုံးထားလျှောက်ရမည်
ယမန်နှစ်က ကျံုးဘေးတွင် ရေစုပ်စက်ဖြင့် ရေကစားသူများကိုတွေ့မြင်ရစဉ်။(ဓာတ်ပုံ- အောင်ကိုဦး)

မန္တလေးမြို့ သြင်္ကန်ပွဲတော်တွင် ကျုံးဘေး၌ ရေစုပ်စက်အသုံးပြု၍ ရေပက်ကစားမည့်သူများ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဧပြီလ ၁၀ ရက်နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်ကြောင်း  မန်းစည်ပင်ထုတ်ပြန်ချက်အရသိရသည်။

လျှောက်ထားမည့်သူများသည် ရေနှင့်သန့်ရှင်းရေးဌာနသို့ ငွေကျပ်နှစ်သိန်း ပေးသွင်းကာ ဧပြီ  ၇ ရက်တွင်စတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ဦးရေထက် လျှောက်ထားမှုပိုမိုလာပါက မဲစနစ်ဖြင့်ချထားပေးသွားမည်ဖြစ်ကြောင်း၊ရေစုပ်စက်ဖြင့်ရေပက် ကစားခွင့်ကို ကျုံးအနောက်ဘက်ခြမ်းတွင် ၇၅ ခုနှင့်ကျုံးမြောက်ဘက်ခြမ်းတွင် ၇၅ ခုသတ်မှတ်ပေးထားကြောင်း သိရသည်။

"ခွင့်ပြုမိန့် ရပေမယ့် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမယ်။ရေစုပ်စက်ကနေပြီး အနည်းဆုံး ရေပိုက်သုံးခု ခွဲထုတ်ပေးရမယ်။ပြီးတော့ မီးသတ်ပိုက်ခေါင်းတွေတပ်ပြီးလည်း မပက်ရပါဘူး။ "ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း ကပြောသည်။

ကျုံးဘေးတွင် ရေစုပ်စက်ဖြင့် ရေပက်ကစားမည့်သူများလိုက်နာရမည့် စည်းကမ်းချက်များကိုမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ယနေ့ထုတ်ပြန်ထားသည်။

၎င်းထုတ်ပြန်ချက်ထဲတွင် (က) ခွင့်ပြုချက်ရသော ရေကစားမည့်သူများသည် အချင်း ၂ လက်မ၊(Section )ရေစုပ်စက်ဖြင့်သာ ရေပက်ကစားခွင့် ခွင့်ပြုပြီး အနည်းဆုံးပိုက် ၃ ခု ခွဲထွက်ရမည်။(ခ) အချင်း ၂ လက်မ (Section )ရေစုပ်စက်၏ အထွက်တွင် မီးသတ်ပိုက်ခေါင်းတပ်ဆင်၍ ရေ

ပက်ကစားခြင်းခွင့်မပြု၊လေအိုးသုံး ရေပိုက်များဖြင့် ရေပက်ကစားခြင်းခွင့်မပြု။(ဂ) ရေအားပြင်းထန်သည့် နော်ဇယ်ရေပိုက်ခေါင်းတပ်ဆင်၍ ရေပက်ကစားခြင်းခွင့်မပြု။(ဃ) ခွင့်ပြုမိန့်ရရှိသော်လည်း မော်တော်ကားပေါ်တွင် ရေစုပ်စက်တင်၍ ရေပက်ကစားခြင်းခွင့်မပြု။

(င)မီးသတ်ငုတ်(Fire Hydrant)များမှ ရေကိုအသုံးပြု၍ ရေပက်ကစားခြင်း လုံးဝ(လုံးဝ)ခွင့်မပြု။(စ)မိမိရေစုပ်စက်ကြောင့် ကျုံးသံပန်းများ၊သစ်ပင်များအား ပျက်စီးခြင်းမရှိစေရ။(ဆ) ရေပက်ကစားရာတွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂အထိနှင့် ညနေပိုင်းတွင် ၃ နာရီမှ ညနေ ၆ နာရီ အတွင်း၌သာ ရေပက်ကစားရမည်ဟု ပါရှိသည်။

ခွင့်ပြုချက် မရရှိဘဲ ရေစုပ်စက်ဖြင့်ရေပက်ကစားနေခြင်းကို တွေ့ရှိခဲ့ပါ ဒဏ်ကြေးငွေ ကျပ် သုံးသိန်းပေးဆောင်ရမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly