စူပါဖလား အောင်မြင်ပြီးနောက် မန်စီးတီး ဆုဖလားစုံအောင် ယူဖို့ ပစ်မှတ်ထားတဲ့ ဂွာဒီယိုလာ

စူပါဖလား အောင်မြင်ပြီးနောက် မန်စီးတီး ဆုဖလားစုံအောင် ယူဖို့ ပစ်မှတ်ထားတဲ့ ဂွာဒီယိုလာ
Photo: EPA

အေသင်မှာ ၁-၁ ဂိုးစီ သရေကျပြီး ဆီဗီလာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရမှုနဲ့အတူ ကလပ်အသင်းရဲ့ ပထမဆုံး UEFA စူပါဖလားကို ဆွတ်ခူးပြီးနောက် ပက်ဂွာဒီယိုလာက မန်ချက်စတာစီးတီးနည်းပြ အနေနဲ့ ဆုဖလားအစုံကို ပစ်မှတ်ထားနေပါတယ်။

အန်နက်ဆီရီရဲ့ ပထမပိုင်း ခေါင်းတိုက်ဂိုးဟာ စပိန်သားတွေကို  ဦးဆောင်စေနိုင်ခဲ့ပြီးနောက် ဥရောပချန်ပီယံတွေက နောက်ကနေ ပြန်လိုက်ခဲ့ရတာပါ။

စီးတီးအသင်းဟာ သူတို့ရဲ့ အကောင်းဆုံးပုံစံနဲ့ ဝေးကွာခဲ့ပေမယ့်လည်း ကိုးလ်ပါလ်မာရဲ့ ချေပဂိုးကနေ တစ်ဆင့် ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိစေခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ ဆီဗီလာ နောက်ခံလူ နေမန်ဂျာ ဂူဒီက လွှဲချော်ပြီး စီးတီးက ၅-၄ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

အင်္ဂလန်ကို ရောက်ရှိလာကတည်းက ဂွာဒီယိုလာရဲ့ ဂုဏ်ထူးဆောင်စာရင်းမှာ ပရီးမီးယားလိဂ်ဖလား ငါးကြိမ်၊ လိဂ်ဖလား လေးကြိမ်၊ FA ဖလား နှစ်ကြိမ်နဲ့ ကလပ်ရဲ့ပထမဆုံး ချန်ပီယံလိဂ်ဖလားတို့ ပါဝင်ပြီးသားဖြစ်ပါတယ်။ စီးတီးဟာ ဒီဇင်ဘာမှာ ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်မယ့် အခွင့်အလမ်းလည်းရှိနေပြန်ပါတယ်။

”ကလပ်အသင်းအတွက် ဒါကို ဆွတ်ခူးရတာ သိပ်ကို ကျေနပ်ပါတယ်။ "ကျနော်တို့ ဖလားစုံဖို့ တစ်ခုပဲ လက်လွတ်ခဲ့ရတယ်။ ကျနော်တို့ ရနိုင်သမျှ ဆုဖလားတွေ အကုန် ရပြီးပါပြီ။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ကျနော်တို့တွေ အကောင်းဆုံး အခိုက်အတန့် မဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။ ဒီကာလမှာ ပြိုင်ပွဲတွေမှာ ဘောလုံးဆိုတာ အကြွေးစေ့တစ်စေ့လိုပါပဲ။"

စီးတီးဟာ ကြားရက်မှာ ဂရိအထိ သွားရောက်ပြီး စူပါဖလားပွဲ ကစားထားရပေမယ့် လာမယ့် စနေနေ့မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရဦးမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required