ဖေ့ဘုတ်တွင် အစ္စလာမ်ကို ဝေဖန်သည့် ဥပဒေကျောင်းသားကို ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်

ဖေ့ဘုတ်တွင် အစ္စလာမ်ကို ဝေဖန်သည့် ဥပဒေကျောင်းသားကို ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်

ဒါကာ၊ ဧပြီ ၇ ။                ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေ့ဘုတ်တွင် အစ္စလာမ်အယူဝါဒကို ဝေဖန်ပို့စ်ရေးသားသည့် ဥပဒေကျောင်းသားတစ်ဦး သတ်ဖြတ်ခံရသည်။ နိုင်ငံတွင်း ပေါ်ပေါက်ခဲသော တက်ကြွလှုပ်ရှားသူများဖြစ်သည့် ထိုသို့ အစ္စလာမ်ကို ဝေဖန်သူများ သတ်ဖြတ်ခံရမှုတွင် နောက်ဆုံးအမှုတစ်ရပ်လည်းဖြစ်သည်။

“ဧပြီ ၆ ရက်ညက အနည်းဆုံးလူသတ်သမားလေးဦးက နာဇမ်မူဒင်ဆာမတ်ကို ခေါင်းဖြတ်သတ်တာပါ။ နောက်တော့ ပစ္စတိုနဲ့ အနီးကပ် ပစ်ခတ်လိုက်ပါသေးတယ်။ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပါတယ်။” ဟု ဒါကာလက်ထောက်ရဲမင်းကြီး ဆိုင်ယက်နျူရူအစ္စလမ်က အေအက်ဖ်ပီသို့ ပြောသည်။

“ဒါက ရည်ရွယ်ချက်ရှိရှိ သတ်တာပါပဲ။ ဒါပေမယ့် ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်ကြောင်း မပြောသေးဘူး။”ဟု အစ္စလမ်က ပြောပြီး နာဇမ်အနေဖြင့် သူ ဖေ့ဘုတ်ပေါ် ရေးသားချက်ကြောင့် သတ်ဖြတ်ခံရတာ ဟုတ်မဟုတ် ရဲတွေက လိုက်စုံစမ်းနေပါပြီ။”ဟုလည်း ပြောခဲ့သည်။

နာဇမ် ဥပဒေပညာသင်ကြားရာ ဒါကာမြို့တော် ဂျာဂန်နက်တက္ကသိုလ်အနီး လူစည်ကားရာလမ်းတစ်နေရာတွင် နာဇမ်အား သတ်ဖြတ်ချိန် လူသတ်သမားများက အလာဟ်က ကြီးမြတ်တယ်ဟု ကြွေးကြော် ခဲ့ကြောင်း ဒါကာသတင်းစာက ဖော်ပြသည်။

နာဇမ်မှာ ယင်းတက္ကသိုလ်သို့ ဥပဒေပညာသင်ကြားရန် ဆိုင်ဟတ်မြို့မှာ လာရောက်သည်မှာ မကြာသေးပေ။ ဒါကာသို့ နာဇမ် ရောက်လာချိန်မှာ စပြီး တိုက်ခိုက်သူများက ၎င်းအား စောင့်ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း ရဲက ယုံမှတ်ထားသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မွတ်စလင်ကြီးစိုးရာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း ယင်းသို့ အစ္စလာမ်အား ဝေဖန်ဆန့်ကျင်သည်ဆိုကာ ဘာသာမဲ့ဘလော့ဂါလေးဦးနှင့် ထုတ်ဝေသူတစ်ဦးတို့ ဓားဖြင့် ခုတ်ထစ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly