မန်စီးတီးမှာ ချယ်လ်ဆီးထက် များစွာ မာကျောသည်ဟု ပီအက်စ်ဂျီနည်းပြ ဘလန့် ဆို

မန်စီးတီးမှာ ချယ်လ်ဆီးထက် များစွာ မာကျောသည်ဟု ပီအက်စ်ဂျီနည်းပြ ဘလန့် ဆို

ဧပြီ ၇၊ ပဲရစ် ။           ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အိမ်ကွင်း၌ မန်စီးတီးအသင်းဖြင့် သရေကျပြီးနောက်တွင် ပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်က မန်စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းထက် များစွာ မာကျောသည့် အသင်းဟု ပြောဆိုလိုက်သည်။

ပီအက်စ်ဂျီအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ချယ်လ်ဆီးနှင့် တွေ့ဆုံခဲ့ပြီး အနိုင်ရကာ ကွာတားသို့ တက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုပွဲစဉ်တွင် မန်စီးတီးအသင်းမှာ ပြင်သစ်မြေပေါ်တွင် ပီအက်စ်ဂျီကို ၂-၂ ဂိုး ရလဒ်ရရှိအောင် ဒုက္ခပေး ကစားနိုင်ခဲ့သည်။

'မန်စီးတီးက ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး တိုးတက်နေတဲ့ အသင်းပါ။ ဒီပွဲမှာ ဒီလို ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားပြီးသားပါ။ မန်စီးတီးက ချယ်လ်ဆီးထက် ကောင်းပါတယ်။ ချယ်လ်ဆီးနဲ့ တုန်းကလို မကစားနိုင်ခဲ့ပါဘူး။

အိမ်ကွင်းမှာ နှစ်ဂိုးပေးခဲ့ရလို့ မန်စီးတီးအတွက် အခွင့်အရေးအလွန်ကောင်းသွားပါပြီ။ နည်းစနစ်ပိုင်းက ကြည့်ရင်လည်း လွယ်လွယ်ကူကူပဲ ကျွန်တော်တို့ ဘောလုံးတွေ ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမဲ့ ဒုတိယအကျော့မှာလည်း အခုပုံစံအတိုင်း အကောင်းဆုံး ကစားနိုင်ဦးမှာပါ။ ဒီပွဲလိုပဲ တူညီတဲ့ အခွင့်အရေးတွေရယူပြီး ဂိုးတွေ သွင်းနိုင်ပါလိမ့်ဦးမယ်' ဟု ဘလန့်က ပြောဆိုခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly