ဆီမီးဖိုင်နယ်တက်ရန် မန်စီးတီး ရေပန်းစားခြင်း မရှိဟု ပယ်လီဂရီနီ ပြော

ဆီမီးဖိုင်နယ်တက်ရန် မန်စီးတီး ရေပန်းစားခြင်း မရှိဟု ပယ်လီဂရီနီ ပြော

ဧပြီ ၇၊ ပဲရစ် ။           ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းနှင့် ၂-၂ ဂိုးဖြင့် သရေကျပြီးနောက် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ၎င်းတို့အသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် ရေပန်းစားခြင်း မရှိဟု ပြောဆိုလိုက်သည်။

ပထမအကျော့တွင် ၂-၂ ဂိုးဖြင့် သရေကျခဲ့သောကြောင့် မန်စီးတီးအသင်းသည် လာမည့်အပတ် အိမ်ကွင်းအီတီဟတ်၌ ကစားရမည့် ဒုတိယအကျော့တွင် ၁-၁ ရလဒ် ရရှိရုံဖြင့် ဆီမီးသို့ တက်နိုင်တော့မည် ဖြစ်သည်။

'ကျွန်တော်တို့အသင်းက ရေပန်းမစားပါဘူး။ ဒီပွဲမတိုင်ခင်ကတည်းကပါ။ ပွဲကစားပြီးတော့လည်း ဒီအတိုင်းပါပဲ။ အသင်းကြီးတွေကြားမှာ ရေပန်းစားတယ်ဆိုတာ မရှိပါဘူး။ နှစ်သင်းစလုံး အခွင့်အရေးရှိနေပါသေးတယ်' ဟု ပယ်လီဂရီနီက ပြောသည်

ယခုပွဲစဉ်တွင် မန်စီးတီးသည် ဒီဘရိုင်း၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဖာနန်ဒို၏ အမှားမှ ပီအက်စ်ဂျီတိုက်စစ်မှူး မိုဗစ်ချ်၏ ချေပဂိုးကို ခွင့်ပြုခဲ့ရသည်။ ထို့နောက် ပီအက်စ်ဂျီက ရာဘီယို၏ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ၇၂ မိနစ်တွင် ဖာနန်ဒင်ဟိုက ပြန်လည်ချေပနိုင်ခဲ့သောကြောင့် သရေဖြင့် ပြီးဆုံးခဲ့ရသည်။

မန်စီးတီးနည်းပြ ပယ်လီဂရီနီက ဆီမီးဖိုင်နယ်အကြောင်းကို လုံးဝပြောဆိုမည် မဟုတ်ကြောင်းနှင့် နောက်တစ်ဆင့်တက်ပြီဟု မတွေးဘဲ ဒုတိယအကျော့ကို ကစားမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ကစားသမားတစ်ဦးကြောင့် အသင်းမှာ ပြောင်းလဲသွားနိုင်ကြောင်း အဖွင့်ဂိုးသွင်းခဲ့သည့် ဒီဘရိုင်းကို ချီးကျူး ပြောဆိုသွားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly