ထိုင်းတွင် ခရီးသွားစက်လှေ တိမ်းမှောက်မှုကြောင့် လူ ၁ ဦး သေဆုံး

ထိုင်းတွင် ခရီးသွားစက်လှေ တိမ်းမှောက်မှုကြောင့် လူ ၁ ဦး သေဆုံး
Photo-AFP

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စက်လှေမတော်တဆမှု ဖြစ်စဉ်တစ်ခုကြောင့် ခရီးသွားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၁၃ ရက်တွင်ပြောသည်။

ဩဂုတ် ၁၂ ရက် ညနေပိုင်းက ဖတ်ချာဘူရီ ပြည်နယ် Ban Laem ခရိုင် Bangtaboon မြစ်တွင် ထိုင်းခရီးသွားခုနစ်ဦး လိုက်ပါလာသော  ထို ခရီးသွားစက်လှေသည် ရေဆင်နှာမောင်းတစ်ခုနှင့် ကြုံတွေ့ပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးသမားများသည် အမျိုးသမီး လေးဦးနှင့် အမျိုးသားတစ်ဦးကို ရေထဲမှ ပြန်လည်ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး အခြား ခရီးသည်နှစ်ဦးကို ညနက်ပိုင်းအထိ ရှာဖွေခဲ့ကြသည်။

ယင်းနောက် ၎င်းတို့သည် အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို ရှာတွေ့ထားကြောင်း ဒေသရဲတပ်ဖွဲ့က ဩဂုတ် ၁၃ ရက် မနက်ပိုင်းတွင် ပြောသည်။

နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဟု ယုံကြည်ရသည့် ခုနစ်ဦးမြောက် ခရီးသည်နှင့်ပတ်သက်ပြီး သတင်းမရရှိသေးပေ။

ထိုင်းတွင် ရေကြောင်းနှင့်ပတ်သက်ပြီး ညံ့ဖျင်းသည့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး မှတ်တမ်းတစ်ခု ရှိသည်။ ခရီးသွားအချက်အချာနေရာများတွင် မတော်တဆမှုများ ဖြစ်ပွားထားခဲ့ပြီး ၂၀၁၈ ခုနှစ်ကဆိုလျင် အပန်းဖြေကျွန်း ဖူးခက်အနီးတွင် စက်လှေနစ်မြုပ်၍ တရုတ်ခရီးသွား ၅၀ ဦးနီးပါး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required