ရှမ်းပြည်နယ်အစိုးရအဖွဲ့ လွှတ်တော်တွင် ကတိသစ္စာပြု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လွှတ်တော်တွင် ကတိသစ္စာပြု
ဓာတ်ပုံ- ပြန်/ဆက်

ရန်ကုန်၊ ဧပြီ ၆ ။         ။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒဿမနေ့ ဧပြီ ၆ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို လွှတ်တော်က အတည်ပြုခဲ့ပြီး အစိုးရအဖွဲ့တွင်ပါဝင်သည့် ဝန်ကြီးများက လွှတ်တော်ဥက္ကဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က မဇ္ဈိမကို ပြောသည်။

“မနေ့ကပဲ အစိုးရဖွဲ့ လိုက်တယ်။ ဒီနေ့ ဝန်ကြီးတွေ စပြီး အလုပ်နေကြပြီ။ ကျွန်တော်တို့က ပထမက SNLD က ပါလာတယ်။ သူတို့က မယူတော့ဘူး ဆိုတော့ လူပြန်လျော့ရတာကြောင့်အစိုးရမဖွဲ့နိုင်ဘဲ ကြာနေတာပါ” ဟု အစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါဝင်ရန် ကမ်းလှမ်းသော်လည်း SNLDက မပါဝင်နိုင်ခြင်း နှင့် SNLD ၏ ပါတီညီလာခံ ကျင်းပနေသည့်အတွက် လွှတ်တော်အမတ်များ ညီလာခံ၎င်းက ပြောသည်။

လွှတ်တော်က အတည်ပြုလိုက်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာချီလိတ်မြို့နယ် မဲဆန္ဒနယ်မှ ဦးစိုင်းစွံဆိုင်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် နောင်ချိုမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာညီညီ၊ ဘဏ္ဍာရေးဝန်ကြီးအဖြစ် မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မှ ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးအဖြစ် ကလောမြို့နယ်မဲဆန္ဒနယ်မှ ဦးစိုးညွန့်လွင် (ခေါ်)ဦးစိုးကြီး၊ လူမှုရေးဝန်ကြီးအဖြစ် ကွမ်းလုံမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးအဖြစ် ရပ်စောက်မြို့နယ်မဲဆန္ဒနယ်မှ ဦးစိုင်းလုံကျော်၊ လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီးအဖြစ် မိုးမိတ်မြို့နယ်မဲဆန္ဒနယ်မှ ဦးဆွေသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တောင်ကြီးမြို့နယ်မဲဆန္ဒနယ်မှ ဦးခွန်ရဲထွေးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးမိုးအောင်တို့ ပါဝင်သည်။

ဧပြီ ၅ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဝန်ကြီးချုပ်က တင်သွင်းခဲ့သည့် အစိုးရအဖွဲ့ဝန်ကြီးအမည်စာရင်းနှင့် ဝန်ကြီးဌာနများကို ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly