Oversea-Chinese Banking Corporation-OCBC ဘဏ်နှင့် မြန်မာဘဏ် ၁၀ ခုတို့သည် ဇူလိုင် ၂ ရက်နေ့ OCBA ရန်ကုန်ရုံးခွဲ ဖွင့်ပွဲနှင့်အတူ နားလည်မှုစာချွန်လွှာ ရေးထိုးလိုက်ကြသည်။ နားလည်မှုစာချွန်လွှာအရ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းများ၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဘဏ္ဍာငွေ လုပ်ငန်းများနှင့်ဆက်စပ်သည့် စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်ကြမည်ဖြစ်သည်။ နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အပြင် ပုဂ္ဂလိကဘဏ်များဖြစ်သည့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ယူအေဘီ- United Amara Bank တို့နှင့် လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။ အဆိုပါဘဏ်များအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံခြားသုံးငွေများ စီမံခန့်ခွဲမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းဆိုင်ရာ ငွေကြေးလိုအပ်ချက်များကို OCBC နှင့်ပူးတွဲဆောင်ရွက်ကြမည်ဟု Business Times သတင်းစာကဖော်ပြပြသည်။ ထို့ပြင် OCBC က စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပြည်တွင်းငွေဈေးကွက်၊ ဘဏ်အချင်းချင်းကြားငွေချေးငှားခြင်း၊ ပိုမိုကောင်းမွန်သည့် ဘဏ်စနစ်များ ပေါ်ပေါက်လာရေးတို့ပါ ဆောင်ရွက်သွားမည်ဖြစ်သည်။ Oversea-Chinese Banking Corporation-OCBC ဘဏ်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၌ ၁၉၂၃ ခုက ပထမဆုံးရုံးခွဲဖြစ်လှစ်ခဲ့ဖူးသည့် ဘဏ်လည်းဖြစ်သည်။ ယခုလက်မှတ်ရေထိုးသည့် ဘဏ် ၁၀ ခုမှာ OCBC ၏ မိတ်ဆွေများဖြစ်ပြီး အကျိုးတူလုပ်ငန်းဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဟု OCBC ဘဏ်ဥက္ကဌ Ooi Sang Kuand ကပြောသည်။ "အခုကျနော်တို့ဟာ အဲဒီပူးပေါင်းဆောင်ရွက်ခဲ့မှုတွေအတွက် ခြေလှမ်းအသစ်တွေစတင်ပါပြီ။ MOUs တွေ လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ရုံးခွဲကို တရားဝင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။" ဟု သူကပြောသည်။ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်ရုံးခွဲသစ်ဖွင့်လှစ်အပြီး ကျင်းပခြင်းဖြစ်ပြီး စင်္ကာပူ ဒုဝန်ကြီးချုပ် Teo Chee Hean နှင့် မြန်မာ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ကြသည်။ Ref; Business Times
Oversea-Chinese Banking Corporation-OCBC ဘဏ်နှင့် မြန်မာဘဏ် ၁၀ ခုတို့ MOU ရေးထိုး
02 July 2015
Oversea-Chinese Banking Corporation-OCBC ဘဏ်နှင့် မြန်မာဘဏ် ၁၀ ခုတို့ MOU ရေးထိုး