မန်ချက်စတာစီးတီး - ဖလားသုံးလုံး အောင်မြင်မှုကို ထပ်ခါတလဲလဲလုပ်ဖို့ 'မဖြစ်နိုင်ဘူး'လို့ ပက်ဂွာဒီယိုလာ ပြော

မန်ချက်စတာစီးတီး - ဖလားသုံးလုံး အောင်မြင်မှုကို ထပ်ခါတလဲလဲလုပ်ဖို့ 'မဖြစ်နိုင်ဘူး'လို့ ပက်ဂွာဒီယိုလာ ပြော
Photo: EPA

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပြီးခဲ့တဲ့ရာသီရဲ့ ဖလားသုံးလုံး အောင်မြင်မှုကို ထပ်မံရယူဖို့ သူ့အသင်းအတွက် "မဖြစ်နိုင်ဘူး"လို့ ပြောပါတယ်။

စီးတီးဟာ ၂၀၂၂-၂၃ ရာသီမှာ အဓိကဆုဖလား သုံးလုံးဖြင့် ပြီးဆုံးခဲ့ပြီး တန်းတက်အသင်းသစ်ဖြစ်တဲ့ ဘန်လေနဲ့ သောကြာနေ့မှာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီကို စတင်မှာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဒါက တစ်သက်မှာ တစ်ခါပဲရှိတာပါ။ ပြီးခဲ့တဲ့ရာသီက ကျနော်တို့လုပ်ခဲ့တဲ့အတိုင်း လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။"လို့ ပြောပါတယ်။

စီးတီးဟာ အင်္ဂလိပ် ထိပ်တန်းအဆင့် ချန်ပီယံဆု လေးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အသင်း ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာက လိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားကို ထပ်မံရယူဖို့ဆိုတာ ခက်ခဲလွန်းတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်ရာသီက အမြင့်ဆုံးတောင်ကို ကျနော်တို့ တက်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ အဲဒီကနေ ကျနော်တို့ ဆင်းလာပြီး အခု ကျနော်တို့ ပြန်စတယ်”လို့ သူက ပြောပါတယ်။

"လူတိုင်းက တူညီတဲ့ ရည်ရွယ်ချက်နဲ့ တောင်ကို တက်နိုင်သမျှ မြင့်အောင်တက်ဖို့ အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ ရာသီက ဘယ်လိုဖြစ်မလဲဆိုတာကို ကျနော်တို့ရဲ့ ဘောလုံး၊ အဆင့်အတန်း၊ ကျနော်တို့ရဲ့ စိတ်ဓာတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။"

Turf Moor ကွင်းမှာ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီရဲ့ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အသင်စ်ခေါ်ယူထားတဲ့ ဂါဗာဒီယော့နဲ့ ကိုဗာဆစ်တို့ဟာ စီးတီးကို အားဖြည့်ပေးပါလိမ့်မယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly