အိမ်သာထရံကြား ဆေးလိပ်မီး ထားရှိခဲ့ရာမှ မီးလောင်မှုဖြစ်ပွား

အိမ်သာထရံကြား ဆေးလိပ်မီး ထားရှိခဲ့ရာမှ မီးလောင်မှုဖြစ်ပွား

မင်းဘူး၊ ဧပြီ ၆ ။             ။ မကွေးတိုင်း၊ မင်းဘူးစကုမြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု ကုလားပါးကျေးရွာတွင် ဧပြီလ ၆ရက် နံနက်၉နာရီကျော်က နေအိမ် နှင့် နွားတင်းကုတ်တို့ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ ကုးလားပါးကျေးရွာနေ ဦးတင်ရှိန်၏ ဇနီး အိမ်သာအတွင်း ဆေးလိပ်မီး ထားခဲ့ရာမှ နေအိမ် နှင့် ကျပ်လျက်ရှိ နွားတင်းကုတ် မီးကူးစက် လောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ် နှင့် စပါးတင်း ၂၀၀၊ ကုလားပဲတင်း ၃၀ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂,၄၄၉,၇၀၀ခန့် ရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မင်းဘူးခ္ဂရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂စီး၊ ရေသယ်ယာဉ် ၂စီး မန်းရေနံမီးသတ်ယာဉ်နှင့် မီးသတ်ဝန်ထမ်း၃၂ဦး၊ မင်းဘူး/စကုမြို့နယ် တာဝန်ရှိသူများ ပြည်သူများ ပူးပေါင်းငြိမ်းသတ်နိင်၍ နံနက်၉နာရီ၄၀မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မင်းဘူး မီးသတ်စခန်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းထွန်းက မဇ္ဈိမသို့ပြောသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ကုလားပါးကျေးရွာနေ ဦးတင်ရှိန် အသက်၇၀နှစ်အား မင်းဘူးမြို့ ရဲစခန်းမှ (ပ) နံပါတ် ၄၉/၂၀၁၆ (၂၈၅)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly