ဆော်ဒီလိဂ် စတင်တော့မည်

ဆော်ဒီလိဂ် စတင်တော့မည်

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဟာ ထိပ်တန်း အပြောင်းအရွှေ့တွေနဲ့ "sportswashing" လို့ စွပ်စွဲမှုတွေ ကြီးထွားလာပြီးနောက် ဆော်ဒီဘောလုံးအပေါ် မကြုံစဖူးတဲ့ အာရုံစိုက်မှုတွေကြားကနေ သောကြာနေ့မှာ စတင်မှာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ခြေရာကို လိုက်နင်းသူထဲမှာ ကာရင်ဘန်ဇီမာ၊ ဂျော်ဒန် ဟန်ဒါဆင်နဲ့ ဆာဒီယို မာနေတို့နဲ့အတူ ရေနံကြွယ်ဝတဲ့ ပင်လယ်ကွေ့ပြည်နယ်ရှိ ကလပ်တွေဟာ ကမ္ဘာ့ကြယ်ပွင့်တွေကို ဆွဲဆောင်ထားပါတယ်။

ပြီးခဲ့တဲ့လက အယ်လ်-ဟီလာအသင်းက ကိုင်လီယန် အမ်ဘာပေအတွက် ယူရိုသန်း ၃၀၀ (ဒေါ်လာ ၃၂၈ သန်း)နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်လည်း အဲဒီတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းတာဝန်ရှိတွေနဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ 

လိဂ်ပြိုင်ပွဲမှာ တစ်သင်းလျှင် နိုင်ငံခြားကစားသမား (၈)ဦး ခွင့်ပြုမှုနဲ့အတူ ကလပ်အသင်း (၁၈) သင်း ပါဝင်မှာဖြစ်ပါတယ်။

"ဆော်ဒီအာရေးဗီးယားက အင်္ဂလိပ်ပရီးမီးယားလိဂ်လို ဖြစ်ချင်တာပါ"လို့ ပဲရစ်မြို့ရှိ Skema Business School မှ အားကစားနဲ့ ပထဝီဝင်စီးပွားရေးဆိုင်ရာ ပါမောက္ခ Simon Chadwick က ပြောပါတယ်။

“မီဒီယာတွေက အာရုံစိုက်နေပါတယ်”လို့ သူက AFP ကို ပြောခဲ့ပါတယ်။

"ဆော်ဒီပရိုလိဂ်ကို ဘယ်မှာကြည့်လို့ရလဲ" ဆိုတဲ့မေးခွန်းမေးနေကြတဲ့သူတွေကို ကျနော် သတိထားမိပါတယ်။"လို့ သူက ပြောဆိုသွားခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly