နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ ဩဂုတ် ၂၀၂၃) 

08 August 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC) က ယနေ့ သဝဏ်လွှာပေးပို့ လိုက်သည်။ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRMH) က သဝဏ်လွှာပေးပို့ လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးမြောက်အောင်မြင်ရမည့် စစ်အာဏာရှင်စန စ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်လာရေးတို့အတွက် မမှိတ်မသုန် ဆက်လက်ချီ တက်သွားမည် ဖြစ်ကြောင်း ခေတ်အဆက်ဆက်လူထုတော်လှန်ရေးတွေမှာ ပေးဆပ်အနစ်နာခံခဲ့ရသည့် နိုင်ငံသားများ၏ အသက်ဝိဥာဉ်ကို တိုင်တည်ပြီး လေးနက်တည်ကြည်စွာ ၈၈၈၈ ပြည်သူ့အရေးတော်ပုံနေ့မှာ ကတိသစ္စာပြုကြောင်း ထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့လိုက်သည်။ 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အကြမ်းဖက်စစ်တပ်ကို အဆုံးထိ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ‌နေ့အခမ်းအနားမှာ ပြောကြားလိုက်သည်။ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRSH) က သဝဏ်လွှာပေးပို့ လိုက်သည်။ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ ချင်းပြည်နယ် ကိုယ်စားပြု ကော်မတီ (CRCH) က  သဝဏ်လွှာပေးပို့လိုက်သည်။ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက က သဝဏ်လွှာပေးပို့လိုက်သည်။ 

  • အာဏာရှင်စနစ်၏ အငွေ့ အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်နှင့် အစားထိုး ပြောင်းလဲနိုင်ရေး ပန်းတိုင်ကိုလက်တွဲညီညီ အတူချီတက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက “(၃၅) နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာ”တွင် တိုက်တွန်းပြောကြားလိုက်သည်။ 

  • အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ဘုံရည်မှန်းချက်အား အမြန်ဆုံး အကောင် အထည်ဖော်နိုင်ရန်နှင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၃၅) နှစ်မြောက်အတွက် သဝဏ်လွှာပေးပို့ရာတွင် တိုက်တွန်းလိုက်သည်။ 

  • ရှစ်လေးလုံးတော်လှန်ရေး စိတ်ဝိညာဉ်ကို တန်ဖိုးထား နှလုံးသွင်းပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက်ချိန်အထိ ဆက်လက်ချီတက်ကြရန်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက  ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

  • ဩဂုတ်လ ဒုတိယအပတ်အတွင်း ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နှင့် မနက်ဖြန် ဩဂုတ် ၉ ရက်နေ့တို့တွင် နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ထိုနှစ်ရက်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် သဖြင့် ရေဘေးနှင့် မြေပြိုခြင်းအန္တရာယ်ကို အထူးသတိထားကြရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန( MOHADM)မှ သတိပေးထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီတပ်က လက်တလော ထိုးစစ်ဆင်နေမှုများပြုလုပ်လာခြင်းကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲများပြင်းထန်နေသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးနင်းကြီးရွာအနီး ယမန်‌နေ့ နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ မီးသတ်ဦးစီးဌာနရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၃နာရီခန့်တွင် ဝင်ရောက်ပြီး Non CDM ဝန်ထမ်းများနှင့်မိသားစုဝင်များအပါအဝင် စုစုပေါင်း ၁၈ ဦးကို ထိန်းသိမ်းလိုက်သည်။ 

  • မုံရွာ-အမြင့်လမ်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံ သပိတ်အင်အားစုက ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ဆားလင်းကြီးမြို့နယ်တွင် ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် ပျူစောထီး စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း - ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ၃၅ နှစ်ပြည့် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ကောက်စိုက်၊ ပျိူး နှုတ်ရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ 

  • ၃၅ နှစ်မြောက် "၈၈၈၈" အရေးတော်ပုံ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့လယ်တွင် ရန်ကုန်လူထု သပိတ်က ထီးအနီရောင် လှုပ်ရှားမှု ပြုလုပ်ကြကြောင်း သိရသည်။ 

  • စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)နှင့် လူ့ဘောင်သစ် လူငယ် (YNS)တို့က ယနေ့ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ 

  • မလေးရှားနိုင်ငံ၊ Kepong မြို့ရှိ NLD OC Internalional Malaysia ရုံးတွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်၍ မွန်းလွဲ ၁၂ နာရီ အထိ တောက်ပသော အနာဂတ်အဖွဲ့အစည်းမှ ဦးဆောင်ပြီး ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်တွင် ထိုင်းနိုင်ငံရောက် ဂီတ နွေဦးတော်လှန်ရေး ရန်ပုံငွေအဖွဲ့က ၈၈၈၈ လူထု အရေးတော်ပုံ ၃၅ နှစ် ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ပေါက်မြို့နယ် ကျောင်းသားများ သမဂ္ဂ-ဗကသများ အဖွဲ့ချုပ်က ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် Revolution Tokyo Myanmar (R.T.M) အဖွဲ့မှ ဦးဆောင်ကာ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထီးသပိတ်နှင့် "ပေတစ်ရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး" စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းလက်နက်ကိုင်များ 

  • စစ်ကိုင်းတိုင်း ၊ ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF) မှ တပ်ဖွဲ့ဝင်တစ်ဦးသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု မရသဖြင့် အသက်သေဆုံးသွားကြောင်း CNDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

  • ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဖလမ်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဖလမ်းမြို့နယ်အတွင်းမှ ပြည်သူများနှင့် တွေ့ဆုံပြီး မှုခင်းကျဆင်းရေး ပညာပေး ဟောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီ 

  • ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ ရပ်ကွက်ရုံးတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကျောက်မဲမြို့ ကို ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံကသိရသည်။ 

  • ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းတိုင်ကြားပါက ဧည့်စာရင်းစာအုပ် ၌ မိသားစုလိုက် ဓာတ်ပုံများကပ်ထားရသည့်အပြင် တဦးချင်း၏ ကိုယ်ရေးအချက် အလက်များကိုပါ ဖြည့်စွက်နေရကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းမြို့နယ်များရှိ တောတွင်း ဝင်ပေါက် ထွက်ပေါက်များအားလုံးကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့်ပိတ်ဆို့ထားကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။ 

  • ဝေဖန်မှုတွေမြင့်တတ်နေသည့် စစ်ကောင်စီက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စားပွဲတင်လေ့ကျင့်ခန်းအစည်းအဝေးကို ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။ 

  • အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာပြီး အာဆီယံအခြေခံမူများနှင့် အညီ ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ကပြောသည်။ 

  • စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် မြေကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ကူညီပေး ရန်လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်ကပြောသည်။ 

ဩဂုတ် ၈ ရက် သုံးသပ်ချက်  

  • မြန်မာနိုင်ငံတွင် စစ်အာဏာရှင်အဆက်ဆက် အနိုင်ကျင့်ခြယ်လှယ်နေမှုအား အဆုံးသတ်ရန်အတွက် ပြည်သူအားလုံးမှ ရည်ရွယ်ထားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင် ရေးအတွက် စိတ်ပိုင်းဖြတ်ထားကြသည်ကိုလည်း ယနေ့ထုတ်ပြန်သည့် သဝဏ်လွှာများနှင့် ထုတ်ပြန် ချက်များတွင် တွေ့ရသည်။ 

  • ကန့်သတ်တားဆီးမှုများကြားမှ နိုင်ငံတစ်ဝန်း ၈၈ အရေးတော်ပုံအထိမ်းအမှတ်အဖြစ် ပြည်သူများ ဆန္ဒဖော်ထုတ်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသွေးမအေးကြောင်း ပြသခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly