လာမည့်ရာသီတွင် မန်ယူအသင်းကနည်းပြခန့်မည်ဟု ကတိပြုလက်မှတ်ထိုးပေးရန် မော်ရင်ဟိုတောင်းဆို

လာမည့်ရာသီတွင် မန်ယူအသင်းကနည်းပြခန့်မည်ဟု ကတိပြုလက်မှတ်ထိုးပေးရန် မော်ရင်ဟိုတောင်းဆို

ဧပြီ ၆၊ မန်ချက်စတာ ။              ။ မော်ရင်ဟိုသည် လာမည့်ရာသီတွင်၎င်းအား နည်းပြခန့်မည်ဟု မန်ချက်စတာယူနိုက်တက်အသင်းက အာမခံလက်မှတ်ထိုးပေးခြင်းကို အလိုရှိနေသည်ဟု The Sun သတင်းစာက ဖော်ပြလိုက်သည်။

ပေါ်တူဂီလူမျိုးနည်းပြသည် အိုးထရက်ဖို့ဒ်နည်းပြနေရာအတွက် ကာလရှည်သတင်းထွက်နေသော်လည်း ဖာဂူဆန်သည်ဗန်ဟားလ်ကို လူသိရှင်ကြားထောက်ခံပြီးနောက် လက်ရှိနည်းပြမှာ ရာထူးတွင်ဆက်ရှိနေဖွယ်ရှိသည်ဆိုသော သုံးသပ်ချက်များမြင့်တက်လာခဲ့သည်။

အကျိုးဆက်အဖြစ် ချယ်လ်ဆီးနည်းပြဟောင်းသည် စတမ်းဖို့ဘရစ်ချ်မှထုတ်ခံရပြီးကတည်းက စောင့်ဆိုင်းနေသည့်ရာထူးအတွက် အာမခံချက်ကို မန်ချက်စတာယူနိုက်တက်အသင်းဘုတ်အဖွဲ့ထံမှ အလိုရှိလာခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ပိုင်းပွဲစဉ်များတွင် အသင်းကြီးအချို့ကိုအနိုင်ရခြင်းနှင့်အတူ ရလဒ်များကောင်းလာခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုမျှော်မှန်းနိုင်ရန် အခြေအနေကောင်းကို ပိုင်ဆိုင်လာခဲ့သည်။

အသင်း၏ လာမည့်ရာသီကြိုခရီးစဉ်အတွက် ရုပ်သံကြော်ငြာတွင် လက်ရှိနည်းပြဗန်ဟားလ်၏ ပုံရိပ်ပါဝင်ခြင်းမရှိသောကြောင့် လာမည့်ရာသီ တွင် မန်ယူနည်းပြရာထူးကိုစွန့်ခွာရဖွယ်ရှိသည်ဟု သုံးသပ်မှုများထွက်ပေါ်ခဲ့သော်လည်း ဂန္ထဝင်နည်းပြဖာဂူဆန်ထံမှ ထောက်ခံမှုရပြီးနောက် ဗန်ဟားလ်မှာ အခြေအနေပြန်ကောင်းလာခဲ့ခြင်းဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly