ရန်ကုန်မြို့လယ်တွင် "၈၈၈၈ အရေးတော်ပုံ" ထီးအနီရောင် လှုပ်ရှားမှုပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
08 August 2023
ရန်ကုန်မြို့လယ်တွင် "၈၈၈၈ အရေးတော်ပုံ" ထီးအနီရောင် လှုပ်ရှားမှုပြုလုပ်
ပုံအညွှန်း-"၈၈၈၈" အရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု။(ဓာတ်ပုံ-Yangon People’s Strike)

၃၅ နှစ်မြောက် "၈၈၈၈" အရေးတော်ပုံ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့လယ်တွင် ရန်ကုန်လူထုသပိတ်က ထီးအနီရောင် လှုပ်ရှားမှု ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင်” '၈' ဂဏန်းနှင့် 'တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ' "စာတန်းပါ ထီးများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ကြခြင်း ဖြစ်သည်။

" ရှစ်လေးလုံး အရေးတော်ပုံကြီးသည် လူထုလူတန်းစားတစ်ရပ်လုံး ဆန့်ကျင်တော်လှန်ခဲ့ကြခြင်းဖြစ်သလို ယခု ၂၀၂၁ နွေဦးတော်လှန်ရေးသည်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ရှင်းလင်းရမည့် လူထုလူတန်းစားတစ်ရပ်လုံး၏ အဆုံးသတ်တိုက်ပွဲဖြစ်သည်" ဟုလည်း လှုပ်ရှားမှုနှင့်ပတ်သက်၍ ရန်ကုန်လူထုသပိတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထီးအနီရောင် လှုပ်ရှားမှုအား နေရာဒေသမရွေးတွင်နေထိုင်ကြသော တောင်ပေါ်မြေပြန့် သွေးချင်းအားလုံး ပူးပေါင်းပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပြီး မှတ်တမ်းဓာတ်ပုံများကိုလည်း ရန်ကုန်လူထုသပိတ်၏ လူမှုကွန်ရက်စာမျက်နှာ သို့မဟုတ် သတင်းမီဒီယာဌာနများသို့ ပေးပို့ကာ ပါဝင်နိုင်ကြောင်းလည်း ဆိုသည်။

ယမန်နှစ်ကလည်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာများတွင် "၈၈၈၈" ထီးသပိတ် ပြုလုပ်ခဲ့ဖူးပြီး ရန်ကုန်လူထုသပိတ်က ပြုလုပ်သော ထီးသပိတ်ကို ကမ္ဘာနိုင်ငံတစ်ဝန်းမှ ပူးပေါင်းပါဝင်ခဲ့ကြသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly