“၂ သောင်းတန်ကိုင်လို့ အရေးယူရင် အောက်ခြေက ပြည်သူတွေ ဂယက်ရိုက်သွားနိုင်တယ်” (ရုပ်/သံ)

By လင်းသူရိန် (မဇ္ဈိမ)
07 August 2023
“၂ သောင်းတန်ကိုင်လို့ အရေးယူရင် အောက်ခြေက ပြည်သူတွေ ဂယက်ရိုက်သွားနိုင်တယ်” (ရုပ်/သံ)

စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို အသိအမှတ် ပြုမှာ မဟုတ်ကြောင်းနဲ့ တရားမဝင် ငွေစက္ကူတွေအဖြစ် သတ်မှတ်တယ်လို့ NUGရဲ့ ကြားကာလ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က အသိပေးထုတ်ပြန် လာပါတယ်။

NUG ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အသုံးပြုပါက အရေးယူမှုတွေ ဆောင်ရွက်သွားမယ် ဆိုတာမျိုး ဖော်ပြတာ မတွေ့ရပေမယ့် ထိုသို့ NUG က ကြေညာပြီးနောက် သုံးစွဲရင် အရေးယူမှုတွေပြုလုပ်မယ်လို့ ပြည်သူတွေကို အသိပေးလာတဲ့ တော်လှန်ရေးအဖွဲ့ တချို့လည်း ရှိလာနေတာ ဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက် = လင်းသူရိန်

#၂သောင်းတန်
#အရေးယူမယ်
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly