နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • မကွေးတိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်တပ် နှင့် လက်ပါးစေ ပျူစောထီးများကို ၄ ရက်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့များက ပူးပေါင်းစစ်ဆင်ရေးဖော်ဆောင်ပြီး ဝေဟင်၊ မြေပြင်၊ မိုင်းခွဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေး ဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က သြဂုတ် ၆ နေ့စွဲနဲ့ ထုတ်ပြန်လိုက်သည်။ 

  • ပဲခူးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်က ၅ ဦးသေကာ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေး ဝန်ကြီးဌာန စစ်ရုံး ချုပ်က သြဂုတ် ၆ ရက်စွဲနဲ့ထုတ်ပြန်ထားသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပညာရေးကော်မတီက ရှမ်းပြည်နယ်အတွင်းက မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး မြေပြင်မှာ ဆောင်ရွက်ထားရှိသည့် ပညာရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ဩဂုတ် ၅ ရက် မနက် ၁၀ နာရီမှာ ဗီဒီယို ကွန်ဖရင့်ကနေ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၂၈/၂၀၂၃)ကို ဩဂုတ် ၆ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့သည်။ 

  • နွေဦးတော်လှန်ရေးမှာ ရှစ်လေးလုံးက သင်ခန်းစာတွေကို ပြန်သုံးသပ်ပြီး အသုံးချရန်လိုကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောဆိုလိုက်သည်။ 

  • စစ်တပ်နိုင်ငံရေးမှာ ပါဝင်မှုကို ထာဝရ အဆုံးသတ်ရေး အပါအဝင် နိုင်ငံရေးသဘောထား ရပ်တည်ချက် ခြောက်ချက်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က သြဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်သည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာအာဏာသိမ်းစစ်အုပ်စု၏ စစ်ရေယာဉ် မုတ္တမအတွက် အဓိက ပစ္စည်းအစိတ်အပိုင်းများ ပေးသွင်း ရောင်း ချခဲ့သည့် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီနိုင်ငံ၊ အော့စ်ဘာ့ဂ်မြို့ အစိုးရရှေ့နေက ရာဇ ဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ထားကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar က ပြီးခဲ့သည့်သီတင်းပတ် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၇ ရက် ယနေ့ ချီတက်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပန်းတိန်ပြင်ရွာအနီး အကြမ်းဖက် စစ် တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အာဠာဝက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်စစ်‌ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၇ ရက်နေ့၌ PDF ရဲဘော် ၁၀ ဦး ကျဆုံးခြင်း ၁ နှစ် နှင့် ၈ လပြည့်နေ့ အဖြစ်ချီတက် အလေးပြုခဲ့ကြောင်း သိရသည်။ 

  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်စစ်‌ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၇ ရက်နေ့၌ PDF ရဲဘော် ၁၀ ဦး ကျဆုံးခြင်း ၁ နှစ် နှင့် ၈ လပြည့်နေ့ အဖြစ်ချီတက် အလေးပြုခဲ့ကြောင်း သိရသည်။ 

  • ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် ၈၈၈၈ လုံး အရေး တော်ပုံကြီး၊ (၃၅) နှစ်ပြည့်အနေဖြင့် အကြိုသပိတ်ကို ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တော်လှန်လူငယ်များက ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။ 

  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမအတွင်းသို့ တရားမဝင်သစ်ခိုးထုတ်နေသူများကို ပြင်းထန် စွာအရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ၈၈၈၈ အထိမ်းအမှတ် တော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြည်ပွဲကို ပီနန်းမြို့မှ အမှန်တရား မြတ်နိုးသူများ အဖွဲ့ နှင့် အမှန်တရား ဘတ်တော်သား (CSP music Bank) မှ ဦးဆောင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးကို PDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း လောင်းလုံး မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။ 

  • ရန်ကုန်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၇ ရက်နေ့၌ "အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်" စာတန်း ချိတ်ဆွဲပြီး ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြို လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းလက်နက်ကိုင်များ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှ တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးရန် အကြောင်း ကြားမှုကို ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့ တိုက် ပွဲများဖြစ်ပွား နေကြာင်း သတင်းရရှိသည်။ 

  • အနာဂတ်ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရန် ပြည်တွင်းပြည်ပ အင်အား စုများစု ပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) Chin National Council (Mindat)ကို ဖွဲ့စည်း ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ဖားကန့်မြို့ရှိ ကသိုင်းတောင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ‌ရှေ့တန်း မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA နှင့် PDF တပ်များက ပူးပေါင်းတိုက် ခိုက်သိမ်းပိုက်ရရှိကာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရမိကြောင်း ရှေ့တန်းသတင်းရင်းမြစ်များကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် သောင်ရင်းမြစ်ရေကြီး၍ ရေကြီးရေလျှံ မှုများဖြစ်ပွားပြီး မိုးများသည်း ထန်စွာ ရွာသွန်းနေချိန် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF တပ်များအကြားတွင်လည်း တိုက်ပွဲ ပြင်းထန်နေ ကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။ 

စစ်ကောင်စီ 

  • ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းတွင် စစ်ကားကို ပစ်ခတ်ခံရမှု ကြောင့် သေဆုံးသွားသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၄ ဦးကို  နောင်ချိုသုဿာန်တွင် သဂြိုလ်လိုက်ကြောင်း ဒေသ သတင်းရင်းမြစ်များ ထံမှ သိရှိရသည်။ 

  • ယခု ၂၀၂၃ ခုနှစ် နှစ်ဝက်တာကာလအတွင်း ပြည်ပသို့ မြန်မာ့ကျွန်းသစ် တန်ချိန် ၄၈၀၀ ကျော် ထုတ်ရောင်းထားကြောင်း စစ်ကောင်စီ သစ်တောဦးစီးဌာနမှ သိရသည်။ 

  • လဲချားမြိုနယ်၊ မတ်လန်းရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲဝင်များနှင့် SSPP/SSA ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး SSPP/SSA အဖွဲဝင် ၁ဦး လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီမီဒီယာများက ရေးသားထားသည်။ 

  • မကွေးတိုင်းဒေသကြီး၊ ချောက်မြိုနယ်၌ ဩဂုတ် ၅ ရက်က ရေနံပိုက်လိုင်းကိုဖောက်၍ ရေနံခိုးယူသူ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတိုအား အကြမ်းဖက်စစ်တက် အရေးယူထားကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်တပ်၏ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက နေပြည် တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အေးမြ ရွှေပြည် ကျောင်း  တိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြား လှူဖွယ်ပစ္စည်းများအပြင် ဗလာစာအုပ်နှင့် စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ထပ်မံကြေညာသည်။ 

 

ဩဂုတ် ၇ ရက် သုံးသပ်ချက်  

  • ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ယခုရက်ပိုင်းတိုက်ပွဲအပြင်းအထန်နေရာအနှံ့ ပြင်းထန်စွာ ဖြစ်ပွားလာသည်ကို ကြည့်ခြင်းဖြင့် မင်းအောင်လှိုင် အကူအညီတောင်း၍ တရုတ်၏ စေ့စပ်ညှိနှိုင်းပေးမှု မအောင်မြင်ဟု ဆိုရမည်ဖြစ်သည်။ 

  • ယခုရက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ကြီးများနှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ အသေများနေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly