လက်ခတ်တောင်စခန်းကို မလိုအပ်သဖြင့် စွန့်ပစ်မှသာ စစ်ကောင်စီ ပြန်ရမည်ဟု NUG ကာကွယ်ရေး ဒုအတွင်းဝန် ပြော

လက်ခတ်တောင်စခန်းကို မလိုအပ်သဖြင့် စွန့်ပစ်မှသာ စစ်ကောင်စီ ပြန်ရမည်ဟု NUG ကာကွယ်ရေး ဒုအတွင်းဝန် ပြော
ပုံစာ- လက်ခတ်တောင်စခန်းကုန်းမှ ရရှိသည့် ပစ္စည်းများနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များကို တွေ့ရစဉ်။

လက်ခတ်တောင်စခန်းကို မလိုအပ်သဖြင့် စွန့်ပစ်မှသာ စစ်ကောင်စီ ပြန်ရမည်ဟု NUG ကာကွယ်ရေး ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။

စစ်ကောင်စီ၏ အရေးပါသည့် စခန်းတစ်ခုဖြစ်သည့် လက်ခတ်  တောင် စခန်းအား မဟာမိတ် ပူးပေါင်းအဖွဲ့များက ဇူလိုင် ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီက အင်အားသုံးထိုးစစ်ဆင် နေသော်လည်း ၁၅ ရက်ကျော်ကြာသည်အထိ ပြန်မသိမ်းနိုင်သည့်အပြင် တောင်ခြေနားတောင်မကပ်နိုင်သေးဟု ဦးမောင်မောင်ဆွေက ပြောသည်။

" ကျွန်တော်တို့ သိမ်းပိုက်နိုင်ပြီးတော့ အစောင့်အနည်းငယ်နဲ့ ချထားတဲ့ အဲ့ဒီစခန်းကို စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေက အများကြီး အုံလိုက်ကျင်းလိုက်နဲ့ ဝိုင်းပြီးတော့ အခု တိုက်ခိုက်နေပါတယ်။ လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေပေမယ့်လည်း ၁၅ ရက် ဒီနေ့နဲ့ဆို ၁၆ ရက်တာ ကာလကို ရောက်နေပြီ။ တောင်ခြေကိုတောင် ကပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါက ဘာကိုပြနေလဲဆိုတဲ့အခါကျတော့ လက်ခတ် တောင်မှ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ စိတ်ဓာတ်ရေးရာအရ အောက်ဆုံးမှာ ရောက်နေတဲ့ တိုက်လိုခိုက်လိုစိတ်မရှိဘဲနဲ့ ပြေးပေါက်ကိုသာ ရှာနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေကို ဒီတိုက်ပွဲက မီးမောင်းထိုးပြနေပါတယ်။ ဒီစခန်းအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ မဟာမိတ်  တော်လှန်ရေး အင်အားစု  တွေက မလိုအပ်တော့လို့ စွန့်မှပဲ သူတို့ပြန်ပြီးတော့ ထိန်းသိမ်းနိုင်မယ့် သဘောရှိပါတယ်" ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ယင်းစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ ဆုတ်ခွာ ထွက်ပြေးချိန်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းများ သိမ်းပိုက်နိုင်ခဲ့သည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly