ပေကျင်း၊ ဧပြီ ၆ ။ ။ တရုတ်နိုင်ငံ၏ စစ်တပ်အကြီးအကဲဟောင်း Guo Boxiong သည် ရာထူးတိုးမြှင့်ရေးကိစ္စများ၌ အကြီးအကျယ်လာဘ်စားခဲ့ကြောင်းကို ဝန်ခံသည်ဟု စစ်တပ်က ပြောသည်။
ဗိုလ်ချုပ် Guo သည် ၂၀၁၂ ခုနှစ်အတွင်းက ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌအဖြစ် ရာထူးချခြင်းခံရပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လက ၎င်းအား စတင်စစ်ဆေးခြင်းဖြစ်သည်။
ယခုတွင် ခုံရုံးတင်ထားပြီးဖြစ်ကြောင်း စစ်တပ်က ပြောသည်။
သမ္မတရှီကျင့်ဖျင်သည် ပြီးခဲ့သည့်သုံးနှစ် ရာထူးရရှိချိန်မှစကာ အကျင့်ပျက်ခြစားမှုအား အထူးနှိမ်နှင်းလာခဲ့ခြင်းဖြစ်သည်။
ထိုသို့ နှိမ်နှင်းမှုအတွင်း အဆင့်မြင့်အစိုးရအရာရှိ ဒါဇင်များစွာကို ဖမ်းဆီးထောင်ချခဲ့သည်။
သို့သော်လည်း ယခုကဲ့သို့ အကျင့်ပျက်ခြစားမှုနှိမ်နှင်းရေးသည် အရှိန်အဝါကြီးမားလာနေသည့် အရာရှိများအား ဇက်ကြိုးသတ်နိုင်ရေး ကွန်မြူနစ်ပါတီ၏ နည်းလမ်းတစ်ရပ်ဖြစ်ပြီး နိုင်ငံရေးထိုးနှက်ချက် အနေဖြင့်လည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း တစ်ချို့သောအကဲဖြတ်များက သုံးသပ်သည်။
ယခုဗိုလ်ချုပ် Guo သည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ သန်း လာဘ်ယူခဲ့သည်ဟု တွေ့ရှိကြောင်းဆိုသော်လည်း ယင်းပမာဏမှာ ၎င်း၏ ကြွယ်ဝချမ်းသာမှု၏ အစိတ်အပိုင်းနည်းနည်းသာရှိသေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။