နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ ဩဂုတ် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးစံတန်ဖိုးကို လမ်းလွဲစေမည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်၊ နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက် ချီတက် တိုက်ပွဲဝင် သွားမယ်လို့ ကတိသစ္စာ ပြုကြောင်း NUCCနှင့် NUG ပူးတွဲထုတ်ပြန်လိုက်သည်။

•    ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သား ၂၉ဦးကို တရက်တာ အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

•    နွေဦးတော်လှန်ရေး၏ရည်မှန်းချက်သည် အသွင်သဏ္ဍာန်သာပြောင်း၍ အနှစ်သာရပြောင်းလဲ ခြင်းမရှိသော အာဏာရှင်စနစ်ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲ လုံးဝမဟုတ် ကြောင်း သြဂုတ်လ ၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) တို့က ထုတ်ပြန်လိုက်သည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

•    အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာရှိသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)များ ကို ဩဂုတ်လ ၅ ရက်နေ့က စတင်အရေးယူလိုက် ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံက သတိပေးလိုက်သည်။

•    မြန်မာနိုင်ငံဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုကို ဖြေရှင်းနိုင်ရေး အာဆီယံအနေဖြင့် အဖြေရှာကြရန် တီမောလက်စတေးနိုင်ငံ၏ ဝန်ကြီးချုပ် ဂတ်စ်မို က တိုက်တွန်းလိုက်သည်။

•    စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့အကြား ဧရာဝတီမြစ် ကြောင်းတွင် စစ်ကောင်စီသင်္ဘောများရောက်ရှိနေပြီး ရမ်းသန်းပစ်ခတ်နေသည့်အတွက် မြစ်ဘေးကျေးရွာခံ အချို့ တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

•    စစ်ရှောင်နေရသည့် ရငဲရွာသား အချို့ နေအိမ်သို့ ပြန်ကာ အဝတ်အစား နှင့် အသုံးအဆောင်ပစ္စည်းယူစဉ် စစ်ကောင်စီတပ်က ရိုက်နှက်ကာ ဖမ်းဆီးထားကြောင်း ဒေသခံထံက သိရသည်။

•    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း၌ အကြမ်းဖက်စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၃ ရက်အတွင်း ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်းပျက် စီးခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၆ ရက်တွင်ပြုလုပ်ကြသည်ဟု သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ အကြမ်းဖက် စစ်သားများက ထန်းတောကျေးရွာအတွင်း ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း BLDF ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦးမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဝက်မှေး ရွာဟောင်းကို စစ်တပ်နှင့်ရဲများ အပါအဝင် အင်အား ၃၀၀ ကျော်ဖြင့် ခြံစည်းရိုး ခတ်နေကြောင်း သိရသည်။

•    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၆)ရပ်ကွက် နယ်မြေ(၁)ရှိ Lashio Sunny Hotel တွင် ယနေ့ သြဂုတ်လ ၆ ရက် နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

•    ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ် သမားများက ဝင်ရောက် ပစ်ခတ်ပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

•    ပဲခူးတိုင်း၊ ဒိုက်ဦးထောင်(ကျိုက်စကော)တွင် နိုင်ငံရေးအကျဉ်းသားရှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ထောင်ဝန်ထမ်းများက ဇူလိုင်လ ၂၅ ရက်မှစပြီး သြဂုတ်လ ၆ ရက်နေ့အထိ ရိုက်နှက် တိုက်ပိတ်ထားကာ ထောင်ဝင်စာပို့ခွင့် တလပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သား များကွန်ရက်ထံမှ သိရ သည်။

•    မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးများနေထိုင်သည့် သရက်ကွရွာကို ကာကွယ်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားပြီးသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်ပြီး လက်နက်ချအညံခံ အလင်းဝင်ရန် သတိပေးထား ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) ထံက သိရသည်။

•    လန်ဒန်မြို့ရှိ ဗြိတိသျှပါလီမန်ရှေ့နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့တို့တွင် ဩဂုတ်လ ၅ ရက်တွင် ၃၅နှစ်မြောက် ၈၈၈၈(၈ လေးလုံး) အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်ကြသည်။

•    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာပြည်ဖွားတိုင်းရင်းသားများစုဝေးကာ ဩဂုတ်လ ၅ ရက် ညနေပိုင်းက ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြိုအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

•    ဂျပန်နိုင်ငံ၊ တိုကျိုမြို့လူစည်ကားရာနေရာများတွင် ထီးသပိတ်နှင့် Cardboard Box Movement ပြု လုပ်ကာ သမိုင်းဝင် ၈၈၈၈ နေ့အထိမ်းအမှတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း Revolution Tokyo Myanmar (R.T.M) ထံမှ သိရ သည်။

တိုင်းရင်းလက်နက်ကိုင်များ

•    ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့်  အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဩဂုတ် ၆ရက် နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း SSPPက သတင်းထုတ်ပြန်သည်။

•    ပြည်တွင်းပြည်ပတော်လှန်ရေး အင်အားစုတွေ စုပေါင်းပြီး ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) CNC (Mindat) ဖွဲ့စည်းလိုက်ကြောင်း  သြဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်ထားတာတွေ့ရသည်။

•    ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)မှာ ဇူလိုင်လ အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို KNU−ဗဟိုက အသိပေးထုတ်ပြန်ထားသည်။

•    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဒူးပလာယာ ခရိုင်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်မှ ၉၅ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုမှ ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

•    ချင်းပြည်နယ်တော်လှန်ရေးတွင် ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဉ် (၁၅) မှ ရန်ပုံငွေများကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) သို့ ပေးပို့ခဲ့ကြောင်း ဩဂုတ်လ ၃ရက်နေ့တွင် ထုတ်ပြန်သည်။

 

စစ်ကောင်စီ

•    သေဒဏ်ချမှတ်ခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ကို ပြောင်းရွှေ့လိုက်ကြောင်း ၎င်းတို့နှင့် နီးစပ်သူဆီကနေ သိရသည်။

•    နေပြည်တော်တွင် တိုင်ကြားခံထားရသည့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ရာထူးကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ရာထူးမှထုတ်ပစ်ဖွယ်ရှိကြောင်း ချင်းပြည်နယ်အစိုး ရနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။

•    အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့ ASEAN Online Sale Day (AOSD-2023)ကို ဩဂုတ် (၈) ရက်မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကို ပါဝင်ရန် ဖိတ်ခေါ်ထားရှိ ကြောင်း သိရသည်။

•    ကျောက်စာရုံစေတီများကို တည်ဆောက်ရာတွင် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံ  အင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြားအရပ်ဘက်ကျွမ်းကျင်ပညာရှင်များမှ .ခေတ်မီစက် ပစ္စည်းကိရိယာများ အသုံးပြု၍ စနစ်တကျတည်ဆောက်ခဲ့သည့်အတွက် ကျောက်စာရုံစေတီ ၇၂၀ ဆူအား ရှု့ထောင့်ပေါင်းစုံမှ သပ္ပါယ်စွာဖြင့် ကြည်နူးစွာ ဖူးမြော်နိုင်ပါသည်ဟု စစ်ကောင်စီမှထုတ်ပြန်သည်။

•    တနင်္သာရီတိုင်းမှာ တစ်ရက်ကို စားသုံးဆီတန်ချိန် ၂၀ ထွက်ရှိမည့်စက်ရုံတည်ဆောက်ပြီး ပြည်တွင်းဆီလို အပ်ချက်ဖြည့်ဖို့လုပ်ဆောင်နေကြောင်း စစ်ကောင်စီ တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ သိရသည်။

•    စစ်ကောင်စီ၏ ဝန်ကြီးအချို့အပါအဝင် လူပုဂ္ဂိုလ် ၆ဦးနဲ့ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းများကို ဆွစ်ဇာလန်နိုင်ငံက အရေးယူပိတ်ဆို့ကြောင်းထုတ်ပြန်ထားသည်။

 

ဩဂုတ် ၆ ရက် သုံးသပ်ချက် 

•    စစ်ခေါင်းဆောင်မင်းအောင်လှိုင်တည်သည့် မာရဝိဇယဘုရားတွင် အကြမ်းဖက် စစ်တပ်အင်ဂျင်နီယာ ဆိုသူများ တည်ထားသည့် ကျောက်စာရုံစေတီ ၇၂၀သည် မင်းတုန်းမင်းလက်ထက်က မြန်မာမှုပညာရှင် များတည်ထားသည့် ကုသိုလ်တော်ဘုရားကဲ့သို့ ညီညာစီတန်းမှုမရှိဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေမှုကို ပြည်သူများ ဝေဖန်သည့်အတွက် စစ်ကောင်စီမှ ဓာတ်ပုံပြုပြင်၍  ညီညာသည်ဟု လိမ်ညာဝါဒဖြန့်နေသည်။

•    မင်းအောင်လှိုင်မှ တိုင်းပြည်အာဏာကို မတရားလုပြီး အုပ်ချုပ်၍မရသည့်အတွက် ရှုံးမဲမဲကာ သူ့လက်အောက်လက်ပါးစေများကို ထင်ရာစောင့် ဖြုတ်ချင်းတိုင်းဖြုတ်ကာ ရမ်းကားနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required