Belarus နိုင်ငံတွင် P2P Bitcoin ရောင်း၀ယ်မှုများကို တားမြစ်နေ

 Belarus နိုင်ငံတွင် P2P Bitcoin ရောင်း၀ယ်မှုများကို တားမြစ်နေ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

Belarus အစိုးရဟာ peer-to-peer Bitcoin ငွေပေးငွေယူများကိုတရားမဝင်သတ်မှတ်ဖို့ အတွက်ဥပဒေများကိုလုပ်ဆောင်နေတယ်လို့ကြေငြာခဲ့ပါတယ်။ ဘီလာရုစ်ဟာ လိမ်လည်မှုများကို လျှော့ချဖို့အတွက် peer-to-peer (P2P) crypto အရောင်းအ၀ယ်များကို တားမြစ်တဲ့ ဥပဒေတစ်ရပ်ကို ထုတ်ပြန်ဖို့ စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တနဂ်နွေနေ့ Telegram ပို့စ်တွင် ပြောကြားခဲ့ပါတယ်။
 "အရှေ့ဥရောပနိုင်ငံမှ နိုင်ငံသားများအား Belarus Hi-Tech Park (HTP)" တွင် အခြေစိုက်သော ငွေလဲခြင်ကိုသာ ငွေပေးငွေယူပြုလုပ်ခွင့်ကို ပွင့်လင်းမြင်သာစွာနှင့် ထိန်းချုပ်နိုင်စေဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ P2P အရောင်းအ၀ယ်များဟာ ခြေရာခံဖို့ ခက်ခဲတာကြောင့် ရာဇ၀တ်ကောင်များအတွက် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပါတယ်။P2Pလဲလှယ်မှုမှတဆင့် cryptocurrency ကို ၀ယ်တာဒါမှမဟုတ်ရောင်းတဲ့အခါ အခြားသူတစ်ဦးနှင့် တိုက်ရိုက် အရောင်းအဝယ်လိုမျိုးဖြစ်နေပါတယ်။ ဆိုလိုတာက ငွေလွှဲတာကို မှတ်တမ်းတင်ထားတဲ့ ဗဟိုအာဏာပိုင်မရှိတာကြောင့် ပိုက်ဆံစီးဆင်းမှုကို ခြေရာခံဖို့ ဥပဒေစိုးမိုးရေးအတွက် ခက်ခဲစေတယ်လို့ပြောကြားထားပါတယ်။

 ဒါ့အပြင် P2P အရောင်းအ၀ယ်များဟာ မကြာခဏ အမည်မသိရောင်း၀ယ်တာမျိုးလည်းရှိပါတယ်။ P2P ဖလှယ်မှုအများအပြားဟာ အသုံးပြုသူများက သူတို့ရဲ့ အမည်၊ လိပ်စာ သို့မဟုတ် မွေးသက္ကရာဇ်ကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးဖို့ မလိုအပ်ပါ။ အဲ့အချက်က ငွေခဝါချဖို့အတွက် P2P အရောင်းအ၀ယ်ပြုလုပ်တဲ့
 ရာဇ၀တ်ကောင်များကို ခြေရာခံဖို့ ဥပဒေစိုးမိုးရေးအတွက် ပိုပြီးပင်ခက်ခဲစေပါတယ်။ ဘီလာရုအစိုးရဟာ P2P အရောင်းအ၀ယ်များကို ငွေခဝါချဖို့အတွက် ရာဇ၀တ်ကောင်များက အသုံးပြုနေတာကို စိုးရိမ်နေတာပါ။ အဲ့အချက်ကြောင့် အစိုးရဟာငွေကြေးခဝါချမှုကို နှိမ်နင်းဖို့အတွက် P2P အရောင်းအ၀ယ်များကို
 တားမြစ်ရန် စဉ်းစားနေပါတယ်။ 

လိမ်လည်တဲ့သူဟာ သားကောင်ရဲ့ ဘဏ်အကောင့်က ငွေများကို ခိုးယူပါတယ်။ ပြီးတဲ့နောက် လိမ်လည်တဲ့သူဟာခိုးယူထားတဲ့ cryptocurrency ကို fiat ငွေကြေးရောင်းချဖို့အတွက် P2P လဲလှယ်မှုကို အသုံးပြုပါတယ်။မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးဟာ cryptocurrency ကိုအသုံးပြုပြီးမူးယစ်ဆေးဝါးများကိုရောင်းချပါတယ်။ ပြီးနောက်မူးယစ်ဆေးဝါးရောင်းဝယ်သူဟာ cryptocurrency ကို fiat ငွေကြေးအဖြစ်သို့ ပြောင်းလဲဖို့လည်း P2P လဲလှယ်မှုကို အသုံးပြုပါသေးတယ််။ ဥပမာအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ cryptocurrency ဖြင့် အလှူငွေများ ကောက်ခံပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းဟာ cryptocurrency ကို fiat ငွေကြေးအဖြစ်သို့ ပြောင်းလဲဖို့P2P လဲလှယ်မှုကို အသုံးပြုတာပါ။ Belarusian အစိုးရဟာ ငွေကြေးခဝါချမှုအတွက် P2P အရောင်းအ၀ယ်များကို အသုံးပြုခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်သော တစ်ခုတည်းသော အစိုးရမဟုတ်ပါဘူး။ အမေရိကန်နှင့် ဗြိတိန်ကဲ့သို့သော အခြားအစိုးရများဟာလည်း ငွေခဝါချမှုအတွက် P2P အရောင်းအ၀ယ်များကိုနှိမ်နင်းဖို့ ခြေလှမ်းများလုပ်ဆောင်ရန် စဉ်းစားနေကြပါတယ်။ P2P အရောင်းအ၀ယ်အားလုံးဟာ တရားမဝင်ရည်ရွယ်ချက်အတွက် အသုံးပြုတာမဟုတ်ကြောင်းလည်း သတိပြုဖို့အရေးကြီးပါတယ်။ သို့သော်လည်း P2P ငွေပေးငွေယူများဟာ အမည်ဝှက်နှင့် အသုံးပြုရလွယ်ကူမှုက ငွေခဝါချလိုတဲ့ ရာဇ၀တ်ကောင်များအတွက်ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပါတယ်။ ဝန်ကြီးဌာနက 2023 ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားမဝင်ငွေလဲခြင်းဝန်ဆောင်မှုပေးသူ 27 ဦးကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းပြောကြာထားပါတယ်။ သူတို့ရဲ့ စုစုပေါင်းတရားမ၀င်၀င်ငွေဟာ ဘီလာရုရှရူဘယ် 22 သန်းနီးပါး (ဒေါ်လာ 8.7 သန်း) ဖြစ်ပါတယ်။ 

"နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ထုံးလုပ်နည်းနှင့်ဆင်တူတဲ့အလေ့အကျင့်ကိုမိတ်ဆက်ခြင်းဟာ ရာဇ၀တ်မှုနည်းလမ်းမျာကနေ ရရှိသောငွေများကိုထုတ်ယူရဖို့မဖြစ်နိုင်ပါဘူး။ အစိုးရက cryptocurrencies လဲလှယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအသစ်ကို မိတ်ဆက်ပေးပါက ရာဇ၀တ်မှုကျူးလွန်သူများဟာ တရားမဝင်နည်းလမ်းများဖြင့် ရရှိသောငွေများကို ထုတ်ယူရန် ခက်ခဲလိမ့်မှာဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

လက်ရှိတွင်၊ ရာဇ၀တ်ကောင်များဟာ fiat ငွေကြေးအတွက် သူတို့ရဲ့ cryptocurrency ကိုရောင်းချရုံဖြင့် cryptocurrency လဲလှယ်မှုများမှ ငွေများကို အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ သို့ရာတွင် အစိုးရက cryptocurrency ဖလှယ်မှုများအတွက်လိုအပ်တဲ့ လုပ်ငန်းစဉ်အသစ်ကို မိတ်ဆက်ပေးပါက၊ ရာဇ၀တ်ကောင်များကို ဖမ်းမိခြင်းမရှိဘဲ ငွေထုတ်ယူရန်
 ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်။

ဘီလာရုစ်တွင် အိုင်တီလိမ်လည်သူများ လည်ပတ်ဖို့ အကျိုးအမြတ်မရှိပါက သူတို့ရဲ့ လုပ်ငန်းများကို အခြားနိုင်ငံသို့ ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။ သို့သော်လည်း ဘီလာရုစ်တွင် ရာဇ၀တ်ကောင်များအတွက် ငွေကြေးခဝါချရန် ခက်ခဲစေခြင်းကြောင့် အစိုးရက သူတို့အား နိုင်ငံအတွင်း လည်ပတ်ခြင်းမှ လုံးလုံးလျားလျား တွန်းလှန်နိုင်လိမ့်မည်လိုလည်း မျှော်လင့်ထားပါတယ်။ လောလောဆယ်မှာ မှောင်ခိုဈေးကွက်မှာ နိုင်ငံခြားငွေ လဲလှယ်ရသလိုပါပဲ။ ပြုလုပ်ဖို့လွယ်ကူပြီး သင့်ကို ခြေရာခံမည့်သူမရှိပါဘူး။ အကယ်လို့ အစိုးရက လုပ်ထုံးလုပ်နည်းအသစ်ကို ကျင့်သုံးပါက ဘဏ်မှတဆင့် နိုင်ငံခြားငွေ လဲလှယ်ခြင်းကဲ့သို့ ဖြစ်လာမှာပါ။ ဘဏ်ဟာ သင့်အကြောင်း အချက်အလက်များကို စုဆောင်းမည်ဖြစ်ပြီး ငွေခဝါချရန် ပိုမိုခက်ခဲမှာဖြစ်ပါတယ်။

ငွေကြေးခဝါချဖို့ ပိုမိုခက်ခဲစေခြင်းက ဘီလာရုစ်တွင် ရာဇ၀တ်မှုကျူးလွန်သူများကို တွန်းအားပေးတာဖြစ်ကြောင်းအစိုးရက မျှော်လင့်နေပါတယ်။

Ref ; Belarus Wants to Ban Peer-to-Peer Bitcoin
 Transactions : No Bullshit Bitcoin 

Belarus and Cryptocurrency : Freeman | law 

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly