နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဩဂုတ် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးများမှ  ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမမှု ၇၄ မှုနှင့်  ရာဇဝတ်မှု ၃၀၆ မှု တို့ကို ကြားနာစစ်ဆေးခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက "တိုင်ကြားမှုများဆိုင်ရာကော်မတီ" ကို ဖွဲ့စည်းထားပြီး တိုင်ကြားလာမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ အခြေခံအမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ဩဂုတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၃၇ ဦး တက်ရောက်ခဲ့သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၆/၂၀၂၃)ကို ဩဂုတ် ၃ ရက် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ ကြသည်။
•    ရဲဘော်များ၏ တိုက်ရေးခိုက်ရေးစွမ်းရည်များကြောင့် စစ်ကောင်စီတပ်မှ ထိုးဖောက်နိုင်ခြင်းမရှိသည်မှာ လက်တွေ့သက်သေပင်ဖြစ်ကြောင်း ပြညည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည်။
•    စစ်တပ်ဘက်မှအရပ်ဘက် အသွင်ပြောင်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နှင့် ဒုဌာနမှူးများပါဝင်သည့် လူပုဂ္ဂိုလ် ၄၉ ဦးအား အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမိန့်အမှတ် (၄၅/၂၀၂၃) ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
•    စစ်ကောင်စီတပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ နိုင်ငံကာ ပြစ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိသေးဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေး အန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ”ဆွေးနွေးပွဲတွင် ဦးကျော်မိုးထွန်းက ပြောသည်။•    မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့စောင့်နေသည့် အချုပ်စခန်းတခု၌ ခိုးမှုဖြင့်အချုပ်ကျခံနေ ရသည့်အမျိုးသမီးအား အချုပ် ခန်းစောင့် လုံခြုံရေးအဖွဲ့၀င်ရှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည့် အတွက်တောင်းပန်ကြောင်း ဆော ပအဖ ကထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသက်တမ်းတိုးသည့် အစည်းအဝေးကို တက်ရောက်ခဲ့သူ ဦးဟင်နရီ ဗန်ထီးယူ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရေးယူတာမျိုး ပြုလုပ်မည်ဖြစ်ကြောင်း ဗဟိုအလုပ် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။
•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဩဂုတ်လ ၄ရက် ယနေ့တွင်ချီတက်ခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် တောင်ဘက်အခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၃ ရက် နံနက် ၄ နာရီ အချိန်တွင် တနယ်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
•    ယင်းမာပင်မြို့နယ်တွင် စည်လုံးခြင်းနဲ့ ခရီးဆက် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာကို စစ်တပ်က တတိယ အကြိမ် အဖြစ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၀ ကျော်ပျက်စီးသွားကြောင်း ဒေသ ပြည် သူများနှင့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ပခုက္ကူမြို့၊ကျပ်ထိုးကျေးရွာနယ်‌မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ယင်းမာပင်ခရိုင်ရင်း၂၇ (ဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က သတင်းထုတ်ပြန်သည်။
•    မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒေါင်းတင်သည် ယမန်နေ့ သြဂုတ်လ ၃ ရက် နံနက် ၉ နာရီ ၂၅မိနစ်အချိန်တွင် ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း နတ်မောက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
•    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်ကြောင့် သမင်အင်းကုန်းကျေးရွာ၊ ကန်ကြီးဒေါင့်ကွက်သစ်နေ အသက် ၁၆ နှစ်အရွယ်ယောက်ျားလေး စောပိုင်သူ သေဆုံးခဲ့ရသည်ဟု ကျောက်တံခါးမြို့ မြေပြင်သတင်းရင်း မြစ်၏ပြောဆိုချက်အရ သိရသည်။
•    တနင်္သာရီမြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ -၅၆၁) က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်ခြောက်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး၌ အကြမ်းဖက် စစ်ကား တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Dawei Guerilla Revolutionary Force- DGRF ထံမှ သိရသည်။
•    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် အရက်သယ် ဆောင်သူ များကို PDF တပ်များက ဖမ်းဆီးရမိကြောင်း သိန်းငှက် ပြောက် ကျား တပ်ဖွဲ့ ( Falcon TYC PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တိုင်းရင်းလက်နက်ကိုင်များ

•    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နားထမ်နှင့် ဂေါရာရွာအနီး တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
•    ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားအား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA )မှ ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် မိုင်းခွဲဖျက်ဆီးလိုက် သည်ဟု ဒေသခံ၏ပြောဆိုချက်အရသိရသည်။
•    ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ်ဖြစ်ပွား ခဲ့ပြီး စစ်သား ၁၀၉ ဦးသေဆုံးကာ စစ်တပ်ရုံး အဆောက်အအုံ ၃ လုံး၊ ကားတစ်စီး၊ မြင်းလား ၄၁ ကောင် ဖျက် ဆီး နိုင်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
•    ကရင်နီပြည်နယ်အပါအဝင် စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားသော ဒေသများ တွင် “ပြည်သူ့အိုးအိမ်များကို မီးရှို့၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ၊ မြင်မြင် သမျှပစ် သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်လို့ရတယ်”ဟု စစ်တပ်၏ ထိပ်ပိုင်း အထက်က ညွှန်ကြားထားကြောင်း CDM တပ်သား တင်သိန်းက မိုးဗြဲ PDF တပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။

 

စစ်ကောင်စီ

•    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နှင့် ကွတ်ခိုင်ကြား တီးမားကျေးရွာမှာနေထိုင်သည့် လူငယ် (၂) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
•    မြန်မာနိုင်ငံအနေနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် နျူကလီးယားကင်းစင်သည့် ကမ္ဘာကြီးဖြစ်လာရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် အတူ စုပေါင်းဆောင်ရွက်သွားရန် အပြည့်အဝသံန္နိဋ္ဌာန်ချ ထားကြောင်း စစ်ကောင်စီခန့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး မင်းသိမ်းက ပြောသည်။
•    စစ်ကောင်စီအဖွဲ့ကို အပြောင်းအလဲ ပြုလုပ်နေရာ လစ်လပ်သွားသည့် ဝန်ကြီးနေရာအချို့တွင် အစားထိုး ခန့်အပ်မှု များနှင့် ပြည်ထောင်စုဝန်ကြီးနေရာ အပြောင်းအရွှေ့ထပ်မံပြုလုပ်မှုများကို စစ်ကောင်စီက ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
•    ရန်ကုန်တိုင်းစစ်ကောင်စီဝန်ကြီးချုပ် စိုးသိန်းက ပြည်သူ့ရင်ပြင်တွင် အိမ်တွင်း စက်မှုလက်မှု စျေးရောင်းပွဲ ဟုဆိုကာ ၃ ရက်ကြာ ကျင်းပလျက်ရှိပြီး စီးပွားရေး သမားများ၊ ကျောင်း သားကျောင်းသူများနှင့် ဝန်ထမ်း များကို မလာမနေရ ဖိအားပေး ဆင့်ခေါ်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထား သည်။

 

ဩဂုတ် ၄ ရက် သုံးသပ်ချက်

•    ပဲခူးအရှေ့ခြမ်းနှင့်ကရင်ပြည်နယ် ကရင်နီနှင့်စစ်ကိုင်း၊တနင်္သာရီ တို့တွင် တိုက်ပွဲများဖြစ်ပွားကာ စစ်ကောင်စီတပ်များ အသေများပြီး တော်လှန်ရေးအဖွဲ့များမှ ထိန်းချုပ်ထားလာသည်ကိုတွေ့ရသည်။
•    မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် စိုက်ပျိုးရေး အခြေခံ ဒေသများတွင် ကျေးရွာများကို မီးရှို့ပြည်သူများကို သတ်ဖြတ်နေခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေသူ များနေပြီးစားနပ် ရိက္ခာပြတ်လပ်မှုအပါအဝင်ကျန်းမာရေးစောင့်ရှော က်မှုများလည်း အရေး ပေါ်လို အပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required