ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို  အရေးယူမယ်လို့ NLD ပြော

By မိုးသောက် (မဇ္ဈိမ)
04 August 2023
ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို  အရေးယူမယ်လို့ NLD ပြော

စစ်ကောင်စီရဲ့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကာလုံအစည်းအဝေးကို တက်ရောက်ခဲ့တဲ့  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက ပြောလိုက်ပါတယ်။

ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီးယူဟာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရခဲ့သူပါ။ 

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ မခံရတဲ့ ရှားပါးတဲ့ အရပ်သား ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly