၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် အိမ်ဖြူတော်ဆီသို့ ခရီး

၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် အိမ်ဖြူတော်ဆီသို့ ခရီး

(အပိုင်း ၁)
 
အမေရိကားမှ အဓိက နိုင်ငံရေးပါတီကြီး ၂ခုဖြစ်တဲ့ ဒီမိုကရက်ပါတီနဲ့ ရီပတ်ပလီကန် ပါတီတွေရဲ့ သမ္မတလောင်းရွေးကောက်ပွဲကို ဖေဖဝါရီလဆန်းကစလိုက်တာ မတ်လ ၁ ရက် Super Tuesday အပြီးမှာ ဒီမိုကရက်ပါတီက ဟီလာရီကလင်တန် နဲ့ ရီပတ်ပလီကန်ပါတီက ကုဋေကြွယ် သူဌေးကြီး ဒေါ ်နယ် ထရမ့်ပ်တို့ ကဦးဆောင်နေပါတယ်။

အမေရိကားမှာ ပြည်နယ် ၅၀ ရှိပြီး ဒီမိုကရက်ပါတီက ကိုယ်စားလှယ် စုစုပေါင်း ၃၃၂၃ ရှိပြီး ၂၃၈၃ ဦးက ထောက်ခံမှသာ ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်နိုင်ပါတယ်။ ရီပတ်ပလီကန်ပါတီက ကိုယ်စားလှယ် ၁၇၇၇ ရှိပြီး ၁၂၃၇ ဦးထောက်ခံမှ ရီပတ်ပလီ ကန် သမ္မတလောင်း ဖြစ်ပါတယ်။ ပါတီနှစ်ခုက သမ္မတလောင်း ရွေးပြီးရင် နိုဝင်ဘာ ၈ ရက်မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပတဲ့ရက်က မနှစ်ကကျနော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲရက်နဲ့ တထပ်တည်းကျနေပြန်တော့ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြောင်းလဲဖို့ ကြိုးစားတဲ့ မင်စွန်းနေတဲ့ လက်သန်းလေးများးရဲ့ အားထုတ်မှုကို အမှတ်ရမိပါရဲ့။ အမေရိကန်သမ္မတလောင်း ရွေးချယ်မှုမှသည် သမ္မတရွေးကောက်ပွဲမှ ကျနော်တို့နိုင်ငံအတွက် အသုံးဝင်မဲ့၊ သင်ခန်းစာယူနိုင်တဲ့ အချက်အလက် တွေကို မြင်နိုင်ပါစေဆိုတဲ့ စေတနာနဲ့ ဒီစာကို ရေးပါတယ်။

ဖေဖဝါရီ ၁၊ ၂၀၁၆ အိုင်အိုဝါ (Iowa) ပြည်နယ်

နိုဝင်ဘာ ၈၊ ၂၀၁၆ ခုနှစ်မှာ ကျင်းပမဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ပြိ ုင်ပွဲကို အိုင်အိုဝါပြည်နယ်မှာ စတင်ခဲ့ပါပြီ။ အမေရိကရဲ့ အခြေခံ ဥပဒေက သမ္မတ တယောက်ကို ၈ နှစ်ထက် ပိုလုပ်ခွင့်မပေးထားတဲ့အတွက် အမေရိကရဲ့ ၄၄ ယောက်မြောက် သမ္မတ အိုဘားမားဟာ နိုဝင်ဘာမှာ အိမ်ဖြူတော်နဲ့ ဘဲဥပုံ သမ္မတရုံးခန်းကနေ ထွက်ခွာရတော့မယ်။ လူတယောက်ကို အချိန်အကန့်အသတ်နဲ့ အာဏာပေး ထားတဲ့အတွက် အာဏာရှင် စနစ် မရှိအောင် ကာကွယ်ထားပါတယ်။

နိုဝင်ဘာမှစမဲ့ ရွေးကောက်ပွဲအတွက် အဓိကပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ပလီကန် နဲ့ ဒီမိုကရက်တစ် ပါတီ က သမ္မတလောင်းရွေးကောက်ပွဲကို အိုင်အိုဝါပြည်နယ်မှာ စတင်ခဲ့ပါပြီ။ သမ္မတလောင်း ရွေးပြီးမှ နိုဝင်ဘာ ၈ ရက်မှာ ဒီမိုကရက်ပါတီ သမ္မတလောင်း နဲ့ ရီပတ်ပလီကန် သမ္မတလောင်း ၂ ဦးပြိ ုင်ကြ မှာ ဖြစ်ပါတယ်။

ရီပတ်ပလီကန်ပါတီက တဒ်ခရုစ် (Ted Cruz) က အိုင်အိုဝါ ပြည်နယ် ရီပတ်ပလီကန် သမ္မတလောင်း ရွေးကောက်ပွဲမှာ နိုင်ပြီး အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ မိန်းမ၊ နိုင်ငံခြားရေးဝန် ကြီး လုပ်ခဲ့တဲ့ ဟီလာရီက အိုင်အိုဝါပြည်နယ်၊ ဒီမိုကရက်ပါတီ သမ္မတလောင်း ရွေးကောက်ပွဲမှာ ဘာနီ ဆန်းဒါးစ် (Bernie Sanders) ကို ကပ်နိုင်ခဲ့ပါတယ်။ ရီပတ်ပလီကန် Ted Cruz ရဲ့နောက်မှာ ဒုတိယလိုက်သူကတော့ သန်းကြွယ်သူဌေးကြီး ဒေါ ်နယ်ထရမ့် ( Donald Trump) ဖြစ်ပြီး လူငယ် မာကိုရူဘီယို (Marco Rubio) က တတိယရပါတယ်။ အမေရိကမှာ ပြည်နယ်ပေါင်း ၅၀ ရှိတာမို့ ကျန်တဲ့ ၄၉ ပြည်နယ်မှာ ဆက်ပြီး ပြိ ုင်ကြရဦးမှာပါ။ နောက်ပြိုင်မဲ့ ပြည်နယ်က နယူးဟမ်ရှိုင်းယား ပြည်နယ် ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဖြစ်ဖို့ အခြေခံဥပဒေက ဘာတွေများ သတ်မှတ်ထားပါသလဲ။ အမေရိကမှာ သမ္မတ လုပ်မဲ့သူက အသက် ၃၅ နှစ်ရှိရမယ်။ အမေရိကမှာ ၁၄ နှစ်တောက်လျောက်နေရမယ်။ အဖေ၊ သို့မဟုတ် အမေက အမေရိကန်နိုင်ငံသား ဖြစ်ရမယ်။ မိဘ၂ ပါးလုံး တောင် နိုင်ငံသားဖြစ်စရာ မလိုဘူး။ အမေရိကန်နိုင်ငံထဲမှာ မွေးစရာမလိုဘူး။ သူတို့အခေါ်ကတော့ Natural Born Citizen တဲ့။ အင်မတန် ရိုးရှင်းတဲ့ ဥပဒေပါလား။

ဖေဖဝါရီ ၉၊ ၂၀၁၆ နယူးဟမ်ရှိုင်းယား (New Hampshire)

ဖေဖဝါရီ ၉ရက်နေ့ညက နယူးဟမ်းရှိုင်းယားမှာတော့ ဒီမိုကရက်တစ်ပါတီမှာ ဘာနီဆန်းဒါးစ်က အရင်က နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတ ကတော်ဟောင်း ဟီလာရီကလင်တန်ကို မဲအရေအတွက် ၂၀ ရာခိုင်နှုန်း သာသာနဲ့ အေးအေးဆေးဆေး နိုင်သွားပါတယ်။

ရီပတ်ပလီကန်ပါတီမှာတော့ ကုဋေကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့်ပ်က နိုင်သွားပါတယ်။ အိုင်အိုဝါ ပြည်နယ်မှာ အနိုင်ရခဲ့တဲ့ တက်ခရုဇ်ကတော့ တတိယနေရာနဲ့ပဲကျေနပ်လိုက်ရပါတယ်။ ဖလော်ရီဒါ က လူငယ်အမတ် မာကိုရူဘီယိုကတော့ အများမှန်းထားသလောက် အစွမ်းမပြနိုင်ခဲ့ဘဲ ပဉ္စမနေရာသာရခဲ့တယ်။ မာကိုရဲ့မိဘတွေက ကျူးဘားကနေမိုင်ယာမီကို ပြောင်းရွှေ့နေထိုင်တဲ့ ကျူးဘားလူမျိုးတွေဖြစ်နေလို့ အမေရိကန်လက်ယာသမားတွေ မကြိုက်တာလဲ ဖြစ်နိုင်တယ်။ ဂျက်ဘ်ဘွတ်ရှ် (Jeb Bush) ကတော့ စတုတ္ထနေရာမှာ။ ဂျက်ဘ်ဘွတ်ရှ်က နဂို အမေရီကန်သမ္မတ ဂျော့ဂျ်ဘွတ်ရှ် စီနီယာရဲ့ ဒုတိယသားဖြစ်ပြီး၊ သူ့ရဲ့ အကို ဂျော့ဂျ်ဘွတ်ရှ် ဂျူနီယာလည်း အိုဘားမားမတိုင်ခင်က သမ္မတလုပ်ခဲ့ သူဖြစ်ပါတယ်။ အကယ်၍သာ နိုဝင်ဘာရွေးကောက်ပွဲမှာ ဂျက်ဘ်သာအရွေးခံရရင် မိသားစုတစုထဲက ၃ ဦး သမ္မတ ဖြစ်မှာမို့ သမိုင်းဝင်သွားမှာ ဖြစ်ပါတယ်။

နောက်ယှဉ်ပြိုင်မဲ့ ပြည်နယ်တွေကတော့ တောင်ကာရိုလိုင်းနား ပြည်နယ် နဲ့ နီဗာဒါးပြည်နယ်တို့ ဖြစ်ပါတယ်။

တောင်ကာရိုလိုင်းနား (South Carolina ) နဲ့ နီဗားဒါး(Nevada)

တဖြည်းဖြည်းနဲ့ ရီပတ်ပလီကန် နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရွေးကောက်ပွဲတွေဟာ အရှိန်ရလာပါပြီ။ လောလောဆယ်မှာ ရီပတ်ပလီကန်ပါတီ က ဒေါ ်နယ်ထရမ့်က ဦးဆောင်နေပြီး၊ ဒီမိုကရက်ပါတီမှာတော့ ဟီလာရီကလင်တန် က ဦးဆောင်နေပါတယ်။

ဖေဖဝါရီ ၂၀ ရက်နေ့မှာ တောင်ကာရိုလိုင်းပြည်နယ်မှာ ရီပတ်ပလီကန်က ရွေးကောက်ပွဲလုပ်ခဲ့ပြီး၊ နီဗားဒါးပြည်နယ်မှာတော့ ဒီမိုကရက်တစ်ပါတီက ယှဉ်ပြိုင်ခဲ့တယ်။
တောင်ကာရိုလိုင်းပြည်နယ်မှာ ဒေါ ်နယ်ထရမ့်က ရီပတ်ပလီကန်ပါတီရွေးကောက်ပွဲနိုင်ခဲ့တယ်။ ဖလော်ရီဒါက အမတ် ကျူးဘား မျိုးဆက်သစ် မာကိုရူဘီယိုက ဒုတိယရကာ ဂျက်ဘ်ဘုရှ်က တတိယရပါတယ်။ တောင်ကာရိုလိုင်းပြည်နယ် က ရွေးကောက်ပွဲ အပြီးမှာ ဂျက်ဘုရှ်ဟာ သမ္မတ ရွေးကောက်ပွဲမှာ ဆက်လက်မယှဉ်ပြိုင်တော့ဘဲ နှုတ်ထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ဖြူ တော်မှာ ဘုရှ် ၃ယောက် နေထိုင်ဖူးတယ်ဆိုတဲ့ သမိုင်းက ၂၀၁၆ ခုနှစ်မှာ မဖြစ်နိုင်တော့ပါဘူး။

နီဗားဒါးပြည်နယ်က ဒီမိုကရက် သမ္မတလောင်း ရွေးကောက်ပွဲမှာတော့ ဟီလာရီကလင်တန်က ဘာနီဆန်းဒါးစ်ကို အနိုင်ယူသွားပါတယ်။ နောက်တပတ်မှာတော့ ဒီမိုကရက်ပါတီက တောင်ကာရိုလိုနားပြည်နယ်မှာ ရွေးကောက်ပွဲလုပ်မှာ ဖြစ်ပြီး ရီပတ်ပလီကန်ပါတီက နီဗားဒါးကိုလာပြီး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နီဗားဒါးပြည်နယ်မှာ ရီပတ်ပလီကန် သမ္မတလောင်းရွေးပွဲ ဒီနေ့ ကျင်းပမှာ ဖြစ်ပါတယ်။ လပ်စ်ဗေး ဂတ်စ်ဟာ ကျူးဘန်းအမေရိကန် ဖလော်ရီဒါကလူငယ်အမတ် မာကို ရူဘီယို ရဲ့ ကလေးဘဝက အိမ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မာကိုရဲ့ အဖေဟာ ဖလော်ရီဒါမှာ အလုပ်ပြုတ်ပြီး ဗေ းဂတ်က ကာစီနို လောင်းကစားတဲ့ အရက်ဘားတခုမှာ အလုပ်ရပါတယ်။ မာကိုရဲ့ အဖေဟာ သူ့ရဲ့မိသားစုကို ဖလော်ရီဒါမှာ ချန်ထားခဲ့ပြီး ဗေးဂတ်စ်မှာ အလုပ်လုပ်ရင်း ငွေစုခဲ့တယ်။ ၆ လလောက်နေမှ သူ့ရဲ့ မိသားစုကို ဗေးဂတ်ကို ခေါ ်နိုင်ခဲ့တယ်။ မာကိုရဲ့ မိဘနှစ်ပါးလုံးဟာ ကျူးဘားက ပြောင်းရွှေ့အလုပ် သမားတွေ ဖြစ်ပြီး မာကိုကို ဖလောရီဒါမှာ မွေးဖွားခဲ့ပါတယ်။ မာကိုရဲ့ ပြိုင်ဖက် သူဌေးကြီးဒေါ ်နယ် ထရမ့် ကတော့ မာကို ဟာ ကျူးဘန်း မိဘတွေက မွေးလို့ အမေရိကန် သမ္မတ အဖြစ် ဝင်ရွေးချယ်ခွင့် မရှိပါဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ဒေါ ်နယ်ထရမ့်က အိုင်အိုဝါပြည်နယ်မှာ သူ့ကိုအနိုင်ရခဲ့တဲ့ တက်ဒ်ကိုလည်း အလားတူ ပြောခဲ့ပါတယ်။ တက်ဒ် က ကနေဒီယန်၊ အမေရိကန်ဖြစ်ပြီး သူ့ကို ကနေဒါမှာ မွေးခဲ့ပြီး ၄ နှစ်သားမှ သူ့မိဘတွေက အမေရိကားက တက်စ်ဆက်စ် ပြည်နယ်ကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ တက်ဒ်ခရုဇ်ရဲ့ အမေက အမေရိကန်ဖြစ်ပါတယ်။ ဒေါ ်နယ်ထရမ့်က အခုလက်ရှိ သမ္မတ အိုဘားမားတုန်းကလည်း အခုလိုဘဲ ပြောခဲ့ဖူးလို့ အိုဘားမားခမျာ သူ ဟာဝိုင်ယီမှာ မွေးတဲ့ မွေးထောက်ခံစာကို ထုတ်ပြခဲ့ရဖူးသဗျ။ အများ သိတော်မူကြတဲ့ အတိုင်းပါဘဲ။ အိုဘားမားရဲ့ အဖေကအမေရိကားကို ပညာတော်သင်လာတဲ့ ကင်ညာက အာဖရိကန်။

အမေက အမေရိကန်သူ အဖြူ။နီဗားဒါးပြည်နယ် ရီပတ်ပလီကန်ပါတီ သမ္မတလောင်းရွေးကောက်ပွဲမှာ သူဌေးကြီး ဒေါ ်နယ်ထရမ့် နိုင်သွားပါတယ်။ လူငယ် မာကို ရူဘီယို က ဒုတိယရပြီး တက်ဒ်ခရုဇ်က တတိယရပါတယ်။ ဒေါ ်နယ်ထရမ့်ပ်ဟာ နယူးဟမ်းရှိုင်းယား၊ တောင်ကာရိုလိုင်းနား နဲ့ နီဗားဒါး ၃ ပြည်နယ် နိုင်ခဲ့ပြီ။ အခြား ပြည်နယ်တွေ အများကြီး ကျန်သေးပေမဲ့ ကျနော့်ရဲ့ ခန့်မှန်းချက်ကတော့ ရီပတ်ပလီကန် သမ္မတ လောင်းဟာ ဒေါ ်နယ်ထရမ့်ပ် ဖြစ်ဖို့များသွားပါပြီ။

ဒေါ်နယ်ထရမ့်ပ် ဟာ နယူးယောက်သား စစ်စစ်ဖြစ်ပြီး သူ့အဖိုးက အမေရိကားကို ပြောင်းရွှေ့ အခြေစိုက်တဲ့ ဂျာမန်လူမျိုး ဖြစ်ပါတယ်။ သူ့အမေကတော့ စကော့တစ်ရှ်လူမျိုး၊ စကော့တလန် သူဖြစ်ပါတယ်။ ထရမ့်ပ်ဟာ အိုးအိမ်ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦး ဖြစ်ပြီး နယူးယောက်က ၅၃ ထပ် ထရမ့်ပ် တာဝါ (Trump Tower) ကောင်းကင်ကို ထိုးထွက်နေတဲ့ အဆောက်အဦး ကြီးကို ဆောက်လုပ်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ အမေရိကန်ရုပ်သံ NBC က နံမည်ကြီး အလုပ်သင် ( The Apprentice) အဖြစ်မှန်ဇာတ်လမ်းတွေမှာ ဦးဆောင်ပါဝင် နေသူတဦး ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ ကိစ္စတွေမှာလည်း သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောကြားတတ်သူတဦး ဖြစ်ပါတယ်။ ဥပမာ၊ မွတ်ဆလင်တွေကို အမေရိကားထဲ မဝင်နိုင်အောင် ပိတ်ပင်ထားမယ်လို့ သူက လူသိရှင်ကြားပြောခဲ့ တယ်။အမေရိကားနဲ့ မက်ဆီကိုနိုင်ငံရဲ့ နယ်ခြားမှာ တံတိုင်းဆောက်မယ်လို့ ပြောကြားခဲ့သူမို့ ပုပ်ရဟန်းမင်းကြီးကတောင် ထရမ့်ပ် ဟာ ခရစ်ယာန် ဘာသာဝင်တယောက်ရဲ့ တန်ဖိုးတွေမရှိဖူးလို့ ဝေဖန်ခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ အစွန်းရောက် အမြင်တွေကို အင်္ဂလန်က လူအတော်များများကလည်း မကြိုက်ကြပါဘူး။

တောင်ကာရိုလိုင်းပြည်နယ် ဒီမိုကရက်ပါတီ သမ္မတလောင်းရွေးကောက်ပွဲမှာ ဟီလာရီ ကလင်တန်က သူမရဲ့ ပြိုင်ဖက် ဘာနီဆန်းဒါးစ်ကို အနိုင်ရသွားပါတယ်။ အကယ်၍ နိုဝင်ဘာရွေးကောက်ပွဲမှာ ဟီလာရီသာ အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံရရင် အမေရိကားသမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာမှာပါ။ ဟီလာရီဟာအမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ဇနီးဖြစ်ပြီး အိုဘားမား အစိုးရမှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဘဝနဲ့ မြန်မာနိုင်ငံကို အလည်လာခဲ့ပြီး ဒေါ ်အောင်ဆန်းစုကြည် နဲ့ ခင်မင်ရင်းနီး သူ တဦးဖြစ်ပါတယ်။
နောက်တပတ် မတ်လ ၁ ရက် စူပါအင်္ဂ ါ နေ့ကတော့ ပြည်နယ်အတော်များများမှာ ပြိုင်ရမှာ ဖြစ်လို့ အရေးကြီးတဲ့ နေ့ဖြစ်ပါတယ်။

၀၁၊ ၀၃၊ ၂၀၁၆၊ အင်္ဂ ါနေ့

ရီပတ်ပလီကန်ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရွေးကောက်ပွဲအတွက် မတ်လ ၁ ရက် အင်္ဂ ါနေ့ဟာ အမေရိကား ပြည်နယ် အများအပြားမှာ ပြိုင်ရမှာ ဖြစ်တဲ့အတွက် အရေးကြီးတဲ့နေ့တနေ့ ဖြစ်လို့ စူပါကျု့စ်ဒေး (Super Tuesday) လို့ခေါ ်ပါတယ်။ ဒီမိုကရက်ပါတီက ၁၃ ပြည်နယ်မှာ ပြိုင်မှာ ဖြစ်ပြီး၊ ရီပတ်ပလီကန်ပါတီက ၁၂ ပြည်နယ်မှာ ပြိုင်ရမှာ ဖြစ်ပါတယ်။ အယ်လ်လာဘားမား (Alabama)၊ အလတ်စ်ကာ (Alaska)၊ အာကင်ဆော (Arkansas)၊ ကော်လိုရာဒို ( Colorado)၊ ဂျော်ဂျီယာ ( Georgia)၊ မက်စ်ဆာချူးဆက်စ် (Massachusetts)၊ မင်နီဆိုတာ(Minnesota)၊ အိုကလာဟိုးမား (Oklahoma)၊ တင်နက်ဆီ (Tennessee) ၊ တက်ဆက်စ် (Texas) ၊ ဗားမောင့် (ဗမောင့်လို့ အသံထွက်သဗျ။) (Vermont) ၊ ဗာဂျီနီးယား (Virginia) ၊ ဝိုင်ယိုမင်း (Wyoming) ၊ နဲ့ အမေရိကန် ဆာမိုဝါ (American Samoa) တို့ ဖြစ်ပါတယ်။

ကော်လိုရာဒို ပြည်နည်မှာ ရီပတ်ပလီကန်ပါတီက ရွေးကောက်ပွဲ လုပ်မှာမဟုတ်ပါဘူး။ Super Tuesday မှာ ရီပတ်ပလီကန်က သမ္မတ လောင်း ရွေးပွဲမှာ ၅ ဦးသာ ကျန်ပါတော့တယ်။ ဒီမိုကရက် ပါတီက ၂ ဦး။ ဒီ ၇ ဦးမှာ အမျိုးသမီးကတော့ ဟီလာရီ ကလင်တန် တဦးသာ ပါပါတယ်။ ရီပတ်ပလီ ကန်ပါတီ က ဘင် ကာဆန် က အငြိမ်းစား ဦးဏှောက်အာရုံကြော ခွဲစိတ် အထူးကု ဆရာဝန်တဦးပါ။ ထူးခြားတာတခုကတော့ စူပါကျု့စ်ဒေး မတိုင်ခင်တရက်မှာ ဒီမိုကရက် သမ္မတလောင်း ဘာနီဆန်းဒါးစ် က တရက်တည်းနဲ့ အမေရိကန်ဒေါ ်လာ ၅ သန်း ၇ သိန်း အလှုငွေရခဲ့ပါတယ်။ ရီပတ်ပလီကန် ပါတီ အတွက် အကြီးဆုံး ဖြစ်တဲ့ တက်စ်ဆက်စ်ပြည်နယ် က ကိုယ်စားလှယ် ၁၅၅ နေရာရှိပြီး တဒ်ခရုဇ်က အဲဒီပြည်နယ်က ကိုယ်စားလှယ် ဖြစ်လို့ သူနိုင်ဖို့များပါတယ်။ ဒါပေမဲ့ အကုန်ခြုံကြည့်လိုက်ရင်တော့ ဒီမိုကရက်က ဟီလာရီ ကလင်တန် ဦးဆောင်နေပြီး၊ ရီပတ်ပလီကန်က ဒေါ ်နယ်ထရမ့်ပ်ကဦးဆောင် နေပါတယ်။

စူပါကျူ့စ်ဒေး မဲတွေရေပြီးတဲ့အချိန်မှာ ခန့်မှန်းထားတဲ့အတိုင်း ရီပတ်ပလီကန်က ဒေါ ်နယ်ထရမ့်က အယ်လာဘားမား၊ အာကင်ဆော၊ ဂျော်ဂျီယာ၊ မက်ဆာချူးဆက်၊ တင်နက်ဆီ၊ ဗာဂျီးနီးယား နဲ့ ဗားမောင့် ပြည်နယ် ၇ ခုမှာနိုင်ပြီး၊ တက်ဒ်ခရုဇ်က သူ့ရဲ့ ပြည်နယ် တက်ဆက်စ်၊ အဲလက်စ်ကာ နဲ့ မင်နီဆိုတာမှာ နိုင်ပါတယ်။ မာကိုရူဘီယိုကတော့ မင်နီဆိုတာမှာ နိုင်ပါတယ်။
ဒီမိုကရက်ပါတီက ဟီလာရီကလင်တန်က အဲလက်စ်ကာ၊ အာကင်ဆော၊ ဂျော်ဂျီယာ၊ မက်ဆာချူး ဆက်စ်၊ တင်နက်ဆီ၊ တက်ဆက်စ် နဲ့ ဗာဂျီးနီးယားမှာ နိုင်သွားပါတယ်။ အာကင်ဆော ပြည်နည်မှာ သူမရဲ့ခင်ပွန်း ဘီလ်ကလင်တန် သမ္မတ မဖြစ်ခင်က ပြည်နည်အုပ်ချုပ်ရေးမှုထမ်းဆောင်ခဲ့တဲ့ ပြည်နယ်ဖြစ်လို့ ဟီလာရီကို အပြတ်အသပ်ထောက်ခံခဲ့ပါတယ်။ တောင်ပိုင်းပြည်နယ်တွေက လူမဲအများစုကလည်း ဟီလာရီကို မဲပေးခဲ့ကြပါတယ်။ ဘာနီဆန်းဒါးစ် ကတော့ ဗားမောင့်၊ အိုကလာ ဟိုးမား၊ မင်နီဆိုတာနဲ့ ကော်လိုရာဒို ပြည်နယ်တို့မှာ နိုင်ခဲ့ပါတယ်။

ပါတီ၂ ခုက သမ္မတလောင်း နဲ့ ဒုတိယ သမ္မတလောင်း အမည်တွေကို ဂျူလိုင်လမကုန်ခင်မှာ ကြေငြာ မှာ ဖြစ်ပါတယ်။ အမေရိကားက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ ကြည့်လိုက်ရင် ရီပတ်ပလီကန်ပါတီ သမ္မတက ၈ နှစ်၊ ဒီမိုကရက်ပါတီ သမ္မတက ၈ နှစ်ရတာကို တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၈ နှစ်က အိုဘားမားခေါင်းဆောင်တဲ့ ဒီမိုကရက်ပါတီ က သမ္မတဖြစ်ပါတယ်။ အဲဒီ အသွင်ပုံစံနဲ့ဆိုရင် ရီပတ်ပလီကန်သမ္မတလောင်း က ဒီနှစ်မှာ နိုင်မယ်လို့ ယူဆ ရမှာဖြစ်ပေမဲ့ ဒီမိုကရက်ပါတီက ဟီလာရီကလင်တန်သာ သမ္မတလောင်း ဖြစ်ခဲ့ရင် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ သေချာပါတယ်။

( ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲ အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly