"အာဏာရူးလို့ ၆ လ သက်တမ်း ထပ်တိုးတာပါ" (Vox Pop)

By KMN (မဇ္ဈိမ)
01 August 2023
"အာဏာရူးလို့ ၆ လ သက်တမ်း ထပ်တိုးတာပါ" (Vox Pop)

စစ်ကောင်စီ အရေးပေါ်ကာလ သက်တမ်း ခြောက်လ ထပ်တိုးခဲ့သည့် အပေါ်အမြင်များ။

စစ်ကောင်စီက  ဇူလိုင် ၃၁ ရက်မနက်တွင်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံ အစည်းအဝေး) ခေါ်ကာအရေးပေါ်ကာလကို နောက်ထပ် ခြောက်လသက်တမ်း ထပ်တိုးခဲ့သည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ  အာဏာသက်တမ်းထပ်တိုးခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။   ၂၀၂၂ ဖေဖော်ဝါရီလ၊ သြဂုတ်လနှင့် ၂၀၂၃ ဖေဖော်ဝါရီလက ခေါ်ယူခဲ့သည့်  ကာလုံအစည်းအဝေးများတွင်  တပ်ချုပ်က အခြေခံဥပဒေ ပုဒ်မ ၄၂၅  အရ သက်တမ်းတိုးခဲ့ပြီး ဖြစ်သည်။ 

ထိုပုဒ်မအရ  ခြောက်လနှစ်ကြိမ်သက်တမ်းတိုးနိုင်ပြီး စစ်ကောင်စီက သာမန်မဟုတ်သည့်  အခြေအနေဟု သုံးနှုန်းကာ သက်တမ်းထပ်တိုးခဲ့သည်။

စစ်ကောင်စီ အရေးပေါ်ကာလ သက်တမ်း ခြောက်လ ထပ်တိုး ခဲ့သည့် အပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားတပ်မတော် (CNA) ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ အမျိုးသမီးမဟာမိတ်အင်အားစု များမှ ပြောရေးဆိုခွင့်ရှိသူများ ယ၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

တည်းဖြတ် - KMN 
စာတည်း ။ ။ Alden

#Mizzima 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly