NCA ထိုး EAO ၃ ဖွဲ့အပေါ်  စစ်ကောင်စီစွပ်စွဲချက် ဘယ်လိုတုံပြန်ထားကြပါသလဲ

By မိုးသောက် (မဇ္ဈိမ)
01 August 2023
NCA ထိုး EAO ၃ ဖွဲ့အပေါ်  စစ်ကောင်စီစွပ်စွဲချက် ဘယ်လိုတုံပြန်ထားကြပါသလဲ

ငြိမ်းချမ်းရေး မဆွေးနွေးတဲ့ NCA လက်မှတ််ထိုး တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးနှောက်ယှက်မှု တွေဆောင်ရွက်နိုင်တာကိုသတိပြုမိစေလိုပြီး လက်ရှိမှာလည်း အဲဒီအဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေဆောင်ရွက်နေတယ်လို့ မနေ့က ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

သူစွပ်စွဲပြောဆိုခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ကတော့ ကရင်အမျိုးသားအစည်းအရုံး( KNU) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ ဖြစ်ပါတယ်။ 

ဒီသုံးဖွဲ့ဟာ လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့  ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်အပေါ် ဘယ်လိုတုံ့ပြန်ထားကြပါသလဲ။ မိုးသောက်က ပြောပြပေးထားပါတယ်။

#NCA
#စစ်ကောင်စီ
#Mizima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly