တပ်တွင်း အမိန့်ဖီဆန်မှုတွေ များလာတဲ့ စစ်ကောင်စီ (ဆောင်းပါး) 

01 August 2023
တပ်တွင်း အမိန့်ဖီဆန်မှုတွေ များလာတဲ့ စစ်ကောင်စီ (ဆောင်းပါး) 

မြန်မာနိုင်ငံမှာ အတောင့်တင်းဆုံး အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ မြန်မာစစ်တပ်ဟာ
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထဲမှာ တစ်နေ့ထက်တစ်နေ့
ဖရိုဖရဲဖြစ်လာနေပါတယ်။ စိတ်ဓာတ်တွေကျ လက်နက်တွေချပြီး ချောင်းကူး မြောင်းကူးနဲ့
တစ်ဖက်နိုင်ငံတွေကို ထွက်ပြေးနေသလို CDM လုပ်သူတွေ၊ တပ်ပြေးတွေ
များသထက်များလာနေတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် တပ်တွင်း အမိန့် မနာခံတာတွေအထိ
ရှိလာနေတာဖြစ်ပါတယ်။ အမိန့်မနာခံသူတွေထဲမှာ တပ်ရင်းမှူးနဲ့ တိုင်းမှူးအဆင့်အထိ
တောင်ပါလာတာဖြစ်ပါတယ်။ အဲဒီလိုအမိန့်မနာခံမှုတွေထဲမှာ ဇူလိုင်လအတွင်းဖြစ်ခဲ့တဲ့ တပ်တွင်း
အာဏာဖီ ဆန်မှုတွေကတော့ စစ်ကောင်စီအတွက် အတော်လေးတုန်လှုပ်စရာဖြစ်ခဲ့မှာ သေချာပါတယ်။

#Politics
#MizzimaTV

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly