ဆော်ဒီပရိုလိဂ်က 'အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲပစ်လိုက်ပြီ' - မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာ

ဆော်ဒီပရိုလိဂ်က 'အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲပစ်လိုက်ပြီ' - မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာ

ဆော်ဒီပရိုလိဂ်ရဲ့ ဘဏ္ဍာရေးသြဇာလွှမ်းမိုးမှုမှာ အပြောင်းအရွှေ့တွေအတွက် "ဈေးကွက်ကို ပြောင်းလဲပစ်လိုက်"ပြီး ထိပ်တန်းကလပ်တွေအနေနဲ့ "ဘာဖြစ်ပျက်နေတယ်ဆိုတာကို သတိထားဖို့ လိုအပ်တယ်"လို့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပြောပါတယ်။

ဒီဇင်ဘာလက ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီအာရေဗီးယားဆီ အရကမ်းလှမ်းပြီးနောက် လိဂ်ဟာ အခုနွေရာသီမှာ နာမည်ကြီးကစားသမားများစွာကို ဆွဲဆောင်လာပါတယ်။

အဲဒီအုပ်စုမှာ အယ်လ်-အာလီကို ပြောင်းရွှေ့ဖို့ စီးတီးကနေ ထွက်ခွာခဲ့တဲ့ အယ်လ်ဂျီးရီးယားကစားသမား ရီးယတ်ဇ် မာရက်ဇ် ပါဝင်ပါတယ်။

“ဆော်ဒီအာရေးဗီးယားက ဈေးကွက်ကို ပြောင်းလဲပစ်လိုက်ပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

“လွန်ခဲ့တဲ့လအနည်းငယ်က ခရစ္စတီယာနို (ရော်နယ်လ်ဒို)  ပြောင်းသွားရာမှာ တစ်ဦးတည်း ဖြစ်တုန်းက ဒီထိပ်တန်း၊ ထိပ်တန်းကစားသမားတွေ အများကြီး ဆော်ဒီလိဂ်မှာ ကစားလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။

“အနာဂတ်မှာ ဒီထက်တောင် ပိုများလာအုံးမှာပါ။ အဲဒါကြောင့် ကလပ်အသင်းတွေအနေနဲ့ ဘာဖြစ်ပျက်နေတယ်ဆိုတာကို သတိထားဖို့ လိုပါတယ်။

"ရီးယတ်ဇ်ဟာ မယုံနိုင်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ရခဲ့ပြီး အဲဒါကြောင့် ကျနော်တို့က 'အဲဒီကို မပြောင်းနဲ့' လို့ မပြောနိုင်ခဲ့ပါဘူး။

စီးတီးဟာ မာရက်ဇ်ကို ပေါင်သန်း ၃၀ နဲ့ ရောင်းချဖို့ သဘောတူညီပြီး အလန် စိန့် – မက်ခ်စီမင်ဟာ အလယ်လ်-အာလီမှာ မာရက်ဇ်နဲ့ ပူးပေါင်းတဲ့အခါ သူဟာ ဆော်ဒီအာရေးဗီးယားအတွက် ပရီးမီးယားလိဂ်ကနေ ထွက်ခွာမယ်ါ နောက်ထပ်ကစားသမား ဖြစ်လာဖို့ ရှိပါတယ်။

ဘလွန်းဒီအော်ဆုရှင် ကာရင်ဘန်ဇီမာဟာ ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုရှိရာ ဆော်ဒီအာရေဗီးယားကို လိုက်သွားပြီးချိန်မှာပဲ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဆာဒီယိုမာနေးဟာ အယ်လ်-နာဆာထံကနေ ကမ်းလှမ်းမှုတစ်ခုရရှိခဲ့ပြီး ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိနေပြီလို့ သိရပါတယ်။ 

ပရီးမီးယားလိဂ်အမှုဆောင်အရာရှိချုပ် ရစ်ချက် မာစတာစ်က ဆော်ဒီအာရေးဗီးယားရဲ့ ဘောလုံးလောကမှာ သြဇာကြီးထွားလာမှုနဲ့ ပတ်သက်လို့ သူဟာ “အခုအချိန်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေမှာမဟုတ်”လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ပြောပါတယ်။

“ဒါက ခြိမ်းခြောက်မှုနဲ့ မဟုတ်ပါဘူး။ ဒါက ဖြစ်ရပ်အမှန်တစ်ခုပါပဲ"လို့ ဂွာဒီယိုလာက စီးတီးရဲ့ ရာသီကြို အာရှခရီးစဉ်အတွင်း ဖြည့်ဆွတ်ခဲ့ပါတယ်။

“သူတို့က ခိုင်မာတဲ့လိဂ်တစ်ခုကို ဖန်တီးချင်ပြီး အခုချိန်အထိ သူတို့ ဒါကို လုပ်နိုင်တဲ့လိဂ်ပါ။

“ပရီးမီးယားလိဂ်ရဲ့အဖွဲ့အစည်းက ပိုကောင်းပြီး ရုပ်သံထုတ်လွှင့်မှုတွေနဲ့ စပွန်ဆာတွေက တခြားလိဂ်တွေထက် ပိုမြင့်မားတယ်ဆိုတော့ ကလပ်တွေက သူတို့မှာရှိတဲ့အရာတွေကို သုံးစွဲနိုင်တာကြောင့် ပရီးမီးယားလိဂ်က တခြားသူထက် ပိုသုံးပါတယ်။

"အခုအချိန်မှာတော့ ဆော်ဒီလိဂ်က သူတို့ဟာ ဒါကို ဘယ်လောက်ကြာကြာ တည်တံ့အောင် ထိန်းထားမလဲဆိုတာ ကျနော် မသိပေမယ့် ခံစားရတာကတော့ သူတို့ ဆက်ရှိလိမ့်မယ်။ ကစားသမားတွေက ဒီလိဂ်မှာ ကစားဖို့အတွက် ဒီအတွေ့အကြုံကို ရယူချင်ပြီး သူတို့ဟာ ဒါကို လုပ်နိုင်မှာပါ။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required