နာဂဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အဓိက လုပ်ဆောင်မည်

နာဂဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အဓိက လုပ်ဆောင်မည်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးကေဆိုင်း

မုံရွာ၊ ဧပြီ ၅ ။             ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လမ်းပန်းဆက်သွယ်ရေးအား ဦးစားပေး လုပ်ဆောင်သွား မည်ဖြစ် ကြောင်း နာဂဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးကေဆိုင်းက ပြောသည်။

ဧပြီ ၅ ရက်က ကျင်းပသော ဒုတိယအကြိမ် ပထမပုံမှန် အစည်းအဝေး၊ (ဒသမမြောက်နေ့) တွင် စစ်ကိုင်းတိုင်းဒေသကြီး လွတ်တော်မှ အဆိုပါဦးစီးအဖွဲ့အား အတည်ပြုခဲ့ပြီးနောက် ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

"အရင်ဆုံးဦးစားပေးရမှာက လမ်းပန်းဆက်သွယ်ရေးဖြစ်ပါတယ်။ ဆက်သွယ်ရေး မကောင်းမွန်ရင် ကျန်တာ ဘာမှ ရှေ့ဆက်လို့မရဘူး။ ဒါ့ကြောင့် လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးမယ်။ ပြီးရင် ပညာရေး၊ ကျန်းမာရေး၊ ဆက်လက်လုပ်ဆောင်သွား မှာပါ။ တခြားစိတ်ကူးထားတာတွေလည်း ရှိပါသေးတယ်။" ဟု ၎င်းက ဆိုသည်။

ထို့ပြင် နာဂတိုင်းရင်းသားတို့၏ ရိုးရာ  နှင့် ဆိုင်သော ယဉ်ကျေးမှု ပြပွဲများ၊ ပြခန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အား အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး အလုပ်မှုဆောင်ကော်မတီအား အဖွဲ့ဝင် ၅ ဦးတို့ပါဝင်ကြောင်း၊ ဧပြီ ၅ ရက်က ကျင်းပခဲ့သည့် စစ်ကိုင်းတိုငိးဒေသကြီး လွှတ်တော် ဒုတိယအကြိမ် ပထမပုံမှန် အစည်းအဝေး၊ (ဒသမမြောက်နေ့) လွှတ်တော်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags