နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ ဇူလိုင် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးက တရားသူကြီးတွေ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေးအမှတ်စဉ် (၂/၂၀၂၃)ကို ဇူလိုင် ၂၉ရက်မနက် ၁၀နာရီမှာ ပြုလုပ်ခဲ့သည်။

•    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပညာရေးကော်မတီနဲ့ ကရင်နီပြည်နယ်ရှိ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ပညာရေးကော်မတီဝင်များ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံကာ မြေပြင်မှာ ဆောင်ရွက်ထားရှိတဲ့ပညာရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဥ်းပြီး တွေ့ဆုံဆွေး နွေး ခြင်း အစီအစဥ်ကို ဇူလိုင်လ ၂၉ ရက်၊ မနက် ၁၀ နာရီအချိန်မှာ ဗီဒီယိုကွန်ဖရင့်

က တစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

•    တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ လုံခြုံရေးနှင့် တော်လှန်ရေးကို ထိခိုက်စေ နိုင်သည့် အသွင်ယူ စိမ့်ဝင်မှုများနှင့် လိမ်လည်မှုများကို တားဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း NUGPayက အသိပေးထုတ်ပြန်ထားသည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

•    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးထား ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

•    ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင် လာသော စစ်ကောင်စီရေယာဉ်တန်းကိုတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group က ထုတ်ပြန် သည်။

•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောင်ဘက်ရှိ တင်ဝင်းထွန်းခြံဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ က မအူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အသက် ၁၅ နှစ်အရွယ် မထက်အိကို ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ဝန်း ထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်ဟု မုံရွာခရိုင် အမှတ်(၅)တပ်ရင်းထံက သိရသည်။

•    ဆားလင်းကြီးမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း ကျဉ်းတစ်နေရာတွင် စစ်ကောင်စီတပ်၏ ရိက္ခာ နှင့် လက်နက် များ သယ်လာသည့် ဖလပ်ခွံ ရေယာဥ် သုံးစီးနှင့် စစ်သင်္ဘော တစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ထံက သိရသည်။

•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် CDM ကျောင်သား/သူ တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် Vitamins ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ စီစဉ်နေကြောင်း တာဝန်ရှိသူထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာပြီး ကျောက်တန်းကျေးရွာ၌ ယာယီ တပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောသည်။

•    ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

•    ဘုတလင်မြို့နယ်တွင် ကျဆုံးခဲ့သည့် ဗကသ ရဲဘော် ၃ ဦးအပါအဝင် တော်လှန်ရေးတွင် ကျဆုံးခဲ့သူများအား အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အလေးပြု အခမ်းအနားကို အရာတော်မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

•    တောင်ကိုရီးယားနိုင်ငံရှိ အူဆန်မြို့နှင့် အင်ချွန်းမြို့တို့တွင် ကိုရီးယား-မြန်မာ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် တော်လှန်ရေး ရန်ပုံငွေ ရရှိရေး ဘောလုံးပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

•    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာ စေတီကုန်းအနီး ၈ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ထံမှ သိရသည်။

 

တိုင်းရင်းလက်နက်ကိုင်များ

•    ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ၂၇၄ ခြေလျင် တပ်ရင်း အနီး ၄ မိုင်ကုန်းမှာရှိသည့် အကြမ်းဖက် စစ်သားတွေ တပ်စွဲထားတဲ့ စစ်စခန်း တခုကို သွားရောက်သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

•    မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မိုးမိတ် ခရိုင် K PDF တပ်ရင်းထံမှ သိရသည်။

•    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီ

•    တနင်္သာရီတိုင်းမှ ကမ်းရိုးတန်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနှင့် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်သတင်းရင်း မြစ်များထံမှ သိရှိရသည်။

•    ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စားသောက်ကုန်တွေကိုဖက်နဲ့သာထုတ်ပြီးရောင်းဖို့ သက်ဆိုင်ရာကညွှန်ကြား ထားပြီး ကျွတ်ကျွတ်အိတ်များနှင့် ထုတ်ပိုး ရောင်းချနေသည့် ဈေးသည်များကို စည်ပင်ဝန်ထမ်းများ ကဖမ်းဆီးပြီး ဒဏ်ငွေဆောင်ခိုင်းနေ၍  ဈေးသည်တွေအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

•    အရည်အသွေးပြည့်မီသည့် မြေဆွေးများ ထုတ်လုပ်နိုင်ရန်မှင့် ဈေးကွက်ကိုဖြန်ချိပါက အချိန်အတွယ် ပြည့်မီမှန်ကန် ရန်လိုအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် စိုးသိန်းကပြောသည်။

 

ဇူလိုင် ၃၀ ရက် သုံးသပ်ချက်

•    စစ်ကောင်စီတပ်များသည် တော်လှန်ရေးတပ်ဖွဲ့များကို မနိုင်လျှင် ပြည်သူလူထုကို ဒုက္ခပေး နေကြဖြစ်ပြီး ယခုလည်း တနင်္သာရီဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များကို မနိုင်၍ ပြည်သူများ ကို အကြမ်းဖက်အဖွဲ့စည်းပီပီ ဓားစာခံအဖြစ်ဖမ်းဆီးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required