တရုတ်သို့ မှောင်ခိုသွင်းသည့် နောက်ချီးပိုးကောင်များ ဖမ်းမိ

တရုတ်သို့ မှောင်ခိုသွင်းသည့် နောက်ချီးပိုးကောင်များ ဖမ်းမိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်များက တရုတ်-မြန်မာနယ်စပ်တွင် မှောင်ခိုတင်သွင်းဖွယ်ရှိသည့် နောက်ချီးပိုးကောင်များကို ဖမ်းဆီးရမိကြောင်း တရုတ်မီဒီယာတွင် ဖော်ပြသည်။

ကြက်ဥသေတ္တာအသွင် ဖန်တီးကာ နောက်ချီးပိုးကောင် ၂၁၀၀ ကို ထည့်သွင်းလာပြီး ဆိုင်ကယ်သမားသုံးဦးက နယ်စပ်ကျေးရွာငယ်တစ်ရွာသို့ သယ်ဆောင်လာခြင်းဖြစ်သည်။

ထိုဆိုင်ကယ်သုံးစီးကို စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက ရပ်ခိုင်းပြီး ရှာဖွေရာမှ ယခုကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။

ဆိုင်ကယ်သမားများမှ တစ်ဦးက ၎င်းတို့က ဗန်းမော်မှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly