သပိတ်ကျင်း ဆယ်ဇင်းကုန်း ရွာသား ၆ဝခန့်ကို စစ်ကောင်စီ ဖမ်းဆီးပြီး ရွာကို မီးရှို့ (ရုပ်၊သံ)

By KMN(မဇ္ဈိမ)
30 July 2023
သပိတ်ကျင်း ဆယ်ဇင်းကုန်း ရွာသား ၆ဝခန့်ကို စစ်ကောင်စီ ဖမ်းဆီးပြီး ရွာကို မီးရှို့ (ရုပ်၊သံ)

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်း ကျေးရွာသား ၆ဝ ခန့်ကို ဇူလိုင် ၂၆ ရက်နေ့ထဲက စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဒီကနေ့ မနက်ပိုင်းအထိ ကျေးရွာနေအိမ်တွေကို မီးရိူ့နေတယ်လို့ ဆယ်ဇင်းကုန်းရွာ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၂၆ ရက်က
ဆယ်ဇင်းကုန်း ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ပြီး သက်ကြီးရွယ်အို နဲ့ ကလေးမိခင်တွေ အပါအဝင်  ရွာသား ၆၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာပါ။

 ဘုန်းကြီးကျောင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့
ဖမ်းဆီးခံရသူ တချို့ သေသလား ရှင်သလား သတင်းမရသေးဘူးလို့ ဆယ်ဇင်းကုန်းရွာ စစ်ဘေးရှောင်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေကြောင့် ဆယ်ဇင်းကုန်းရွာခံ ဦးရေ ၃ဝဝ နီးပါးဟာ တောတောင်တွေထဲ ထွက်ပြေးနေရပြီး ဒီကနေ့အထိ စားစရာမရှိဘဲ မိုးထဲလေထဲမှာ နေထိုင်နေရတယ်လို့ ရွာခံတစ်ဦးကဆိုပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required