သမ္မတဟောင်း ဦးသိန်းစိန် ရဟန်းဝတ်ပြီ

သမ္မတဟောင်း ဦးသိန်းစိန် ရဟန်းဝတ်ပြီ

သမ္မတဟောင်းဦးသိန်းစိန် ရဟန်းခံသင်္ဃန်းစည်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာတွင် ဧပြီ ၅ ရက်က ဖော်ပြသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတီထံ သမိုင်းဝင် အာဏာလွဲပြောင်းပြီးနောက်ပိုင်း လေးရက်အကြာ ဧပြီ ၄ ရက်က ဦးသိန်းစိန်က စတင်သက္ကန်းစည်းခြင်းဖြစ်သည်။

လူမှုမီဒီယာတွင် ဦးသိန်းစိန်၏ သက္ကန်းစည်းပုံများ ပျံ့နှံ့သွားခဲ့သည်။

ပြင်ဦးလွင်မြို့ပြင် ဓမ္မဓိပတိကျောင်းတွင် ဧပြီ ၄ ရက်က ရဟန်းခံခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာက ဖော်ပြထားသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ငါးရက်ကြာ ရဟန်းခံ ယူမည်ဖြစ်ကြောင်းလည်း ယင်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly