Bitcoin , Cryptocurrency နှင့် မြန်မာ့တော်လှန်ရေး

Bitcoin , Cryptocurrency နှင့် မြန်မာ့တော်လှန်ရေး
https://www.facebook.com/Bitcoin.MM.Initiative

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/Bitcoin.MM.Initiative

ကမ္ဘာ့ဘဏ်က နှစ်စဉ် ၁၈ ရာခိုင်နှုန်း ကျုံ့သွားတယ်လို့ ခန့်မှန်းထားတဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဟာ ဆိုးရွားစွာ ပျက်စီးခဲ့ပါတယ်။ ဘဏ်လုပ်ငန်းစနစ်နှင့် စစ်တပ်က ထိန်းချုပ်ထားသော ငွေကြေးစနစ်အပေါ် ပြည်သူများက ယုံကြည်မှု လျော့နည်းလာတာတွေကြောင့်ငွေကြေးဈေးကွက်ဟာ ဆုတ်ယုတ်သွားခဲ့ပါတယ်။ မြန်မာကျပ် (MMK) မှ အမေရိကန်တစ်ဒေါ်လာ (USD) ငွေလဲနှုန်းဟာ 2021 ခုနှစ် စက်တင်ဘာလအထိ ၂၂၀၀ ကျပ်အောက်တွင် တစ်ချိန်လုံးရှိခဲ့ပြီး အာဏာမသိမ်းမီ ဖေဖော်ဝါရီတွင် ၁၃၃၀ ရှိရာမှ 2021 ခုနှစ်စက်တင်ဘာလတွင် ကျဆင်းခဲ့ပါတယ်။ အင်တာနက်ပိတ်ထားတာကြောင့် ATM စက်များ ချွတ်ယွင်းကာ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူများဟာ အကြာကြီး တန်းစီရပါတယ်။ မြန်မာ့ငွေကြေးဟာ 2021 ခုနှစ် စက်တင်ဘာလမှာ ၆၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်အစိုးရဆန့်ကျင်ရေးအုပ်စုများကို မိုဘိုင်းဘဏ်တို့မှ ဖုန်းနံပါတ်များကို ခြေရာခံပြီး စောင့်ကြည့်ဖမ်းဆီးနေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကြောက်မက်ဖွယ်ကောင်းသော ဘဏ္ဍာရေးအခြေအနေမှ လွတ်မြောက်ဖို့ အစားထိုးငွေကြေးအဖြစ် cryptocurrencies၊ Bitcoin ကို အစားထိုးခဲ့ပါတယ်။ ယခုအခါ Bitcoin နှင့် Cryptocurrency ဟာ မြန်မာနိုင်ငံရဲ့တော်လှန်ရေးမှာ ဖိနှိပ်မှုနှင့် ခုခံမှု နှစ်ဖက်စလုံးတွင် စိတ်ဝင်စားဖွယ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ Bitcoin နှင့် Cryptocurrency က ကျဆင်းနေသော စီးပွားရေးကြောင့် ဖြစ်ပေါ်လာသော ပြည်သူများရဲ့ နေ့စဉ်ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူ ဖြစ်လာပါတယ်။ စစ်အစိုးရနှင့်အပြိုင်အစိုးရ ဖြစ်သော NUG ဟာ cryptocurrency ကိုအာရုံစိုက်ခဲ့ပါတယ်။ NUG ကပျက်စီးနေသောစီးပွားရေးကို ဒစ်ဂျစ်တယ်ငွေကြေးနှင့် ကုစားရန်၊ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် နှင့် နောက်ပိုင်းတွင် လက်ရှိငွေကြေးကို နိုင်ငံတော်မှ ခွဲထုတ်ရန်၊ အခမဲ့နှင့် လုံခြုံသောငွေကြေးထောက်ပံ့မှုလမ်းကြောင်းများကို သေချာစေဖို့ အခြားအခြားသော သီးခြားလွတ်လပ်သောငွေကြေးကို ထူထောင်ဖို့ကြိုးပမ်းနေပါတယ်။ Freeman Law ‌ရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် အထူးသဖြင့် Cryptocurrency နှင့်ပတ်သက်ပြီးခိုင်မာသောမူဝါဒ နှင့် စည်းမျဉ်းစည်းကမ်းများ မရှိသေးပါဘူး။ Cryptocurrencies နှင့်ပတ်သတ်ပြီးတော့အချိူ့သောဥပဒေများကိုတော့ဖော်ပြခဲ့ပါတယ်။ အများအားဖြင့်ဟာတွေကတော့ တားမြစ်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ 2019 ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ Bitcoin (BTC)၊ Litecoin (LTC)၊ Ethereum (ETH) နှင့် Perfect Money (PM) စတဲ့ cryptocurrencies များကို ပိတ်ပင်လိုက်ကြောင်းကြေညာခဲ့ပြီး ကိုင်ဆောင်တဲ့သူများအားလုံးက ငွေကြေးဆိုင်ရာ ဥပဒေများနှင့် အပြစ်ပေးခံရမှာဖြစ်ကြောင်းလည်းဖော်ပြခဲ့ပါတယ်။ 2022 ခုနှစ် ဒီဇင်ဘာလတွင် NUG အစိုးရက တရားဝင်ငွေကြေးအဖြစ် Tether ကြေငြာချက်ကို တုံ့ပြန်တဲ့အနေဖြင့် SAC (နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ) က Cryptocurrency ကိုအသုံးပြုပြီး ရာဇ၀တ်မှုကျူးလွန်မှုများးနှင့်ပတ်သတ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ပါတယ်။

မကြာသေးမီက NUG အစိုးရက DMMK (Digital Myanmar Kyats) ဟုခေါ်သော cryptocurrency ကို ထူထောင်ပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းပိုက်ဆံအိတ် NUG Pay ကိုလည်း တီထွင်ခဲ့တာကို ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ crypto ပေါ်လစီက အစပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်ပြီး cryptocurrencies အတွက် ရည်ညွှန်းထာကောင်းမွန်သောမူဝါဒအကောင်အထည်ဖော်မှုများကတော့ နည်းပါးနေစဲဖြစ်ပါတယ်။ အရေးကြီးသောအမှန်တရားတစ်ခုမှာ crypto နှင့်ပတ်သက်တဲ့အရာအားလုံးက ယုံကြည်စိတ်ချရပြီးအနှောက်အယှက်ကင်းသော အင်တာနက်ချိတ်ဆက်မှုပေါ်တွင် အခြေခံအားဖြင့် မူတည်ပါတယ်။ အခုချိန်မှာ အထူးသဖြင့် အင်တာနက်ချိတ်ဆက်မှုမှာ ယခုအချိန်အထိ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ စစ်တပ်မှ ဆက်တိုက်အင်တာနက်ပိတ်မှုများက မြန်မာနိုင်ငံ cryptoတော်လှန်ရေးအတွက်အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်က ပြစ်ဒဏ်ခတ်သော ဆိုက်ဘာဥပဒေများ၊ ဆင်းမ်ကတ်များအပေါ် အခွန်ကောက်ခံမှုနှင့် အခြားသော ဒစ်ဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာ လုပ်ဆောင်ချက်များက ဆက်သွယ်ရေးဝန်ဆောင်မှုများအတွက် မြင်သာထင်သာသော အခက်အခဲတွေ ဖြစ်စေပါတယ်။ ဆန်းသစ်သော crypto ခြေလှမ်းများ မြင့်တက်လာပေမယ့်၊ မြန်မာနိုင်ငံရဲ့ crypto တော်လှန်ရေးအတွက် အခြေခံကျသော ချိတ်ဆက်မှုလိုအပ်ချက်များသက ခြိမ်းခြောက်မှုအောက်တွင် ရှိနေဆဲဖြစ်ပါ တယ်။မြန်မာနိုင်ငံတွင် cryptocurrency သို့ ပြောင်းလဲလာတာတွေရဲ့အဓိကအချက်က‌‌တော့ပြည်သူများဘဏ်တွေအပေါ်  ယုံကြည်မှု လျော့နည်းလာမှု၊ ပြည်ပသို့ ငွေလွှဲမှုအတွက် နည်းပညာချို့တဲ့မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် စစ်တပ်ရဲ့ စောင့်ကြည့်မှု‌ကြောင့်ပါ။ တစ်ဖက်တွင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများက မြန်မာလူမျိုးများကို Bitcoin နှင့် Crypto သုံးစွဲမှုများဆီသို့ တွန်းပို့နေပြီး တစ်ဖက်တွင် စစ်တပ်ရဲ့ ဒစ်ဂျစ်တယ် ဖိနှိပ်မှုများကို ရှောင်တိမ်းလိုတာကြောင့် နည်းပညာအသစ်များနှင့်အတူလိုက်လျောညီထွေတိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တယ်လီကွန်တော်လှန်ရေးနဲ့အတူ 2012 ခုနှစ်တွင် ဖုန်းမရှိရာမှ smart phone သို့ ချက်ချင်း ခုန်တက်သွားတာကြောင့်လူ့အဖွဲ့အစည်းရဲ့ဒစ်ဂျစ်တယ်တတ်မြောက်မှုချွတ်ယွင်းမှုတိုင်းနီးပါးရဲ့အခြေခံအကြောင်းတရားများထဲမှ တစ်ခုဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများကတော့လိုအပ်ချက်တွေရဲ့ ကွက်လပ်ကို ယခုအချိန်အထိ ဖြည့်ဆည်းပေးနေဆဲဖြစ်ပါတယ်။ Cryptoတော်လှန်ရေးဟာသမားရိုးကျအင်တာနက်ထက် blockchain လို့ခေါ်တဲ့ အခြားအခြေခံအဆောက်အအုံတစ်ခုလုံးတွင် တည်ဆောက်ထားတာကြောင့် Crypto တော်လှန်ရေးဟာ ကြီးမားတဲ့ခြေတစ်လှမ်းကိုလှမ်းနိုင်မှာဖြစ်ပါတယ်။ 

အပေါ်မှာဖော်ပြခဲ့သလိုနည်းပညာအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လူ့အဖွဲ့အစည်းရဲ့ လိုက်လျောညီထွေမှုတွေဟာယနေ့ခေတ်မှာပိုအားကောင်းလာပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာတွေကို သုံးစွဲနိုင်သူတွေအတွက်သာ မှန်ပါတယ်။ လက်ရှိမြို့ပြ/ကျေးလက်၊ အသက်အရွယ်ဆိုင်ရာနှင့် ကျား-မ အခြေပြု ဒစ်ဂျစ်တယ် ကွဲပြားမှုနှင့်အတူ ကျေးလက်လူမှုအသိုင်းအဝိုင်းများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအတွက် ပြောင်းလဲရန် အားနည်းနေနိုင်ပါသေးတယ်။ တော်လှန်ရေးအခြေအနေ ဟာ NUG အစိုးရရဲ့ ဆန်းသစ်သော crypto ပထမခြေလှမ်းများပေါ်တွင် များစွာမူတည်နေတာကို ငြင်းဆိုရန် ခက်ခဲပါတယ်။ ပထမဆုံးအနေနဲ့ USDT (Tether) ကိုတရားဝင် cryptocurrency အဖြစ်ကြေငြာပြီးတဲ့နောက်မှာ လူထုကြားမှာ cryptocurrency အကြောင်းကို သတိပြုမိလာကြတာပါ။ ဒုတိယအချက်အနေနဲ့ကတော့ cryptocurrency ဖြင့် ငွေချေးစာချုပ်များရောင်းချမှုကနေ လူများကို အခြေခံမျှမသိသော အဆင့်မှ အမှန်တကယ် အရောင်းအ၀ယ်ပြုလုပ်ခြင်း အထိ မြှင့်တင်ပေးခဲ့ပါတယ်။ NUG Pay နှင့် DMMK ဖန်တီးမှုက အစအဆင့်ပင်ရှိနေဆဲဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ NUG ရဲ့ crypto လှုပ်ရှားမှုများနှင့် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး အလားအလာရှိသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြေညာချက်ကို တုံ့ပြန်ဖို့အတွက် cryptocurrencies များကို ပိတ်ပင်ထားခြင်းကို တွေ့ရပါတယ်။

NUG အစိုးရရဲ့ မူဝါဒစာတမ်းများတွင် crypto မွေးစားခြင်းကို "လုံခြုံသော ရန်ပုံငွေစီးကြောင်း" ရရှိရန် ရည်မှန်းထားကြောင်း သတိပြုမိပတယ်။ တိုင်းပြည်အတွက် လွတ်လပ်ပြီး ဒီမိုကရေစီအနာဂတ်အတွက် တိုက်တွန်းနေသော သန်းပေါင်းများစွာသော မြန်မာလူမျိုးများကို ချိတ်ဆက်ကာ စည်းရုံးနိုင်တဲ့ cryptocurrency ရဲ့ မှတ်ကြောက်တင်နိုင်သော ဇာတ်ကြောင်းတစ်ခုဖန်တီးနိုင်ဖို့ လိုပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဗင်နီဇွဲလားတို့ကဲ့သို့ ကမ္ဘာတစ်ဝှမ်းတွင် လျင်မြန်သော crypto မွေးစားနှုန်းထားရှိတဲ့ နိုင်ငံများရဲ့ ကိစ္စများကို စူးစမ်းကြည့်သောအခါ ဖြေရှင်းနိုင်တဲ့ ဘုံစိန်ခေါ်မှုများထဲမှ တစ်ခုကတော့ ပင်လယ်ရပ်ခြား ငွေလွှဲမှုပြဿနာဖြစ်ပါတယ်။ မြန်မာနိုင်ငံနှင့် အဆိုပါနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်သူ့ဘဏ္ဍာရေးဝန်ဆောင်မှုများ ညံ့ဖျင်းမှု၊ ပြည်ပသို့ ငွေလွှဲခြင်းအပေါ် စီးပွားရေးမှီခိုနေရမှုစတဲ့ပြဿနာများကို နေ့ချင်းညချင်း ဖြေရှင်လို့တော့မရပါဘူး။ နိုင်ငံရပ်ခြားငွေလွှဲမှုဆိုင်ရာပြဿနာကိုဖြေရှင်းခြင်းကလည်း crypto တော်လှန်ရေးခရီးကိုအရှိန်မြှင့်ဖို့အတွက်အချက်တစ်ချက်ဖြစ်ပါတယ်။ နိုင်ငံတစ်ကာမှ အကူအညီများက်ို အလွယ်တကူလက်ခံရရှိနိုင်မည့်အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်ဒစ်ဂျစ်တယ်ပညာတတ်မြောက်မှုက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် ရှေးရိုးအတားအဆီးတစ်ခုဖြစ်နေပါတယ်။ စစ်အာဏာရှင် သန်းရွှေခေတ်တုန်းက ယနေ့ခေတ်ကာလမှာ အလကားနီးပါးရနေတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို သိန်း ၃၀ ဝန်းကျင် အထိပေးပြီးမှသာလျှင် ဝယ်ယူရရှိနိုင်ပါတယ်။ ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်တောက်ဖို့ အတွက် တခြား နိုင်ငံတကာမှာ အင်တာနက်တွေ အလွယ်တကူ အသုံးပြုလို့ရနေချိန်မှာ မြန်မာနိုင်ငံမှာ အင်တာနက်ကို အလွယ်တကူ သုံးစွဲမရအောင် ကန့်သက်ထားပါတယ်။ စစ်တမ်းတချို့ရဲ့ ဖော်ပြချက်အရ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်းဟာ မြောက်ကိုရီးယားနိုင်ငံထက်တောင်နည်းတယ်လို့ ဆိုထားပါတယ်။ ဒီလို နည်းပညာတွေကို ပိတ်ဆို့မှုကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ဝန်းကျင် မြန်မာနိုင်ငံ အင်တာနက်ခေတ်ဦး ကာလမှာ အင်တာနက် အသုံးပြုတာကို ညစ်ညမ်းရုပ်ရှင်ကြည့်တဲ့နေရာ၊ ချစ်သူရည်းစားရှာတဲ့နေရာလို့ လူအများစုက ထင်မှတ်မှားကြပါတယ်။ နောက်ပိုင်း နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ Telenor နဲ့ Ooredoo လုပ်ငန်းကြီးတွေ ဝင်ရောက်လာတဲ့ အချိန်မှာတော့ ကျေးလက်၊ မြို့ပြ အလျှင်အမြန် ဆက်သွယ်လာနိုင်ခဲ့ပြီး ပညာရေး၊ ဗဟုသုတ နဲ့ အသိအမြင်တွေကို ဖုန်းပေါ်ကနေ အလွယ်တကူ ဖလှယ်လာနိုင်ခဲ့ပြီး ကမ္ဘာ့ အင်တာနက် အသုံးပြုသူ တိုးတက်မှု အမြန်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။

Bitcoin ရဲ့ ရှုပ်ထွေးသော သဘောသဘာဝ၊ ရှိရင်းစွဲ ဒစ်ဂျစ်တယ် တတ်မြောက်မှု ပြဿနာနှင့် ဘာသာစကား အတားအဆီးများကြောင့် အသုံးပြုသူလိုများက သဘောတရားများနှင့် cryptocurrencies ရဲ့ နည်းပညာများကို နားလည်ရန် ပိုမိုခက်ခဲပါတယ်။ အဆိုပါအချက်များကြောင့် Bitcoin Myanmar Initiative ကဲ့သို့ ပညာရေးဆိုင်ရာ ပလပ်ဖောင်းများ၊ အထူးသဖြင့် မြန်မာဘာသာဖြင့် သုံးစွဲသူများအတွက် အတားအဆီးကို လျှော့ချရန်လူငယ်များမှ ကြိုးပမ်းနေလျက်ရှိပါတယ်။ ဖိလစ်ပိုင်ဘာသာစကားများဖြင့် cryptocurrency ပညာရေးကို ပံ့ပိုးပေးတဲ့ ဖိလစ်ပိုင်ပညာရေးကုမ္ပဏီ Bitskwela ကဲ့သို့သော ပြည်တွင်းပလက်ဖောင်းများ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါတယ်။Bitcoin နည်းပညာကဲ့သို့ Digitial Assets များဟာ ယုံကြည်စိတ်ချရပြီး အနှောက်အယှက်ကင်းသော အင်တာနက်ချိတ်ဆက်မှုတစ်ခုပေါ် အခြေခံတာကြောင့် NUG အစိုးရက ပညာရှင်များ၊ နည်းပညာအသိုင်းအဝိုင်းဖြင့် ပူးပေါင်းကာ အစားထိုးဆက်သွယ်ရေးအတွက် သုတေသနပြုလုပ်သင့်ပါတယ်။ SAC ရဲ့ အင်တာနက်ပိတ်ခြယ်လှယ်မှုများကလည်းတိုးတက်မှုအပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိပါတယ်။ NUG နှင့် အခြားသော ဒီမိုကရေစီ အင်အားစုများက နိုင်ငံအတွင်း အရေးပါသော မြေပြင်သြဇာလွှမ်းမိုးမှု အားနည်းနေသေတာကြောင့် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ Community Networks၊ Satellite Internet နှင့် Dial-Up internet ကဲ့သို့သော အစားထိုးဆက်သွယ်ရေးနည်းလမ်းများကို ဆက်လက်ရှာဖွေကြိုးစားလေ့လာရမှာပင်ဖြစ်ပါတယ်။

Ref; -      World Bank Group. (2021, July 25). Myanmar Economy Expected to Contract by 18 Percent in 

              FY2021:    Report. World Bank.

The Diplomat. (2021, September 21). Myanmar’s Currency Falls to All-Time Low 

Amid Post-Coup Turmoil.

(2021, September 29). Myanmar currency drops 60% in weeks as economy tanks since February coup.

 Lusan, N. N., Fishbein, E., & Guest, P. (2021, May 

 Myanmar’s military coup has pushed its fledgling digital economy to the brink of collapse. Rest of the World.

Freeman, J. B. (2022, March 10). Myanmar and Cryptocurrency | Blockchain and Cryptocurrency Laws & Regulations. Freeman Law.

Dobberstein, L. (2022, January 24). Myanmar’s military junta seeks ban on VPNs and digital currency. The Register.

THE FUTURE OF CRYPTO POLICY  IN MYANMAR ( Chiang Mai University )

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly