“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ် လိုအပ်ပြီလား” | Editors’ Talk Episode-18

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ် လိုအပ်ပြီလား” | Editors’ Talk Episode-18

ဘယ်အချိန်ကာလကမှ ငြိမ်းချမ်းမှုမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လုပ်နေတယ်ဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆိုတာဟာ တကယ်တမ်း ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။

ဒါဆိုရင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အသစ် လိုနေပါပြီလား၊ ဘယ်လို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုး လိုအပ်နေပါသလဲ၊ အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုးကို အကောင်အထည်ဖော်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ပြီး ဘယ်သူတွေက ကမကထပြု စတင် လုပ်ဆောင်သင့်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။

တော်လှန်လူငယ်တဦးလည်းဖြစ်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ လေ့လာသူတဦးလည်းဖြစ်တဲ့ မဟင်္သာ၊ မြန်မာပြည်ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ကိုအောင်ကိုကိုတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

လုံခြုံရေးအခြေအနေအရ မဟင်္သာက အသံနဲ့ပဲ ပါဝင်ဆွေးနွေးထားပါကြောင်း ကြိုတင် အသိပေးလိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly