ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူရဲ့နောက်ဆက်တွဲ ဂယက် (weekly interview)

By ဂျူချန်း (မဇ္ဈိမ)
29 July 2023
ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူရဲ့နောက်ဆက်တွဲ ဂယက် (weekly interview)

စစ်ကောင်စီက ကျပ်၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေမယ်လို့ ကြေငြာခဲ့ပြီးနောက် ကုန်ဈေးနှုန်းတွေနဲ့ ငွေဈေးတွေ ထိုးတက်သွားခဲ့ပါတယ်။

စစ်ကောင်စီက အခုအချိန်မှာ ငွေစက္ကူအသစ်တွေရိုက်ထုတ်တာဟာ ဘဏ္ဍာရေးယိုင်နဲ့နေတာကို ဖော်ပြနေတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် မနိုးနိုးထက်စံက ပြောပါတယ်။

နောက်ဆက်တွဲအနေနဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို အခြေခံလူတန်းစားတွေ အလူးအလဲ ခံစားရမှာဖြစ်သလို ရင်းနှီးမြှပ်နှံသူတွေနဲ့ လူငယ်တွေဟာ ပိုပြီးအကျိုးအမြတ်ရတဲ့ ပြည်ပမှာပဲ သွားရောက်လုပ်ကိုင်ကြမှာဖြစ်တာကြောင့် နိုင်ငံအတွက်ရော  စစ်ကောင်စီအတွက်ပါ လူ့စွမ်းအားအရင်းမြစ်တွေကိုပါ ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ ဒေါ်နိုးနိုးထက်စံက ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly