ယခုတစ်ပတ်တွင် မန်စီးတီးကို မန်ယူကျော်နိုင်မည်ဟု ဟာရဲရားခန့်မှန်း

ယခုတစ်ပတ်တွင် မန်စီးတီးကို မန်ယူကျော်နိုင်မည်ဟု ဟာရဲရားခန့်မှန်း

ဧပြီ ၅၊ မန်ချက်စတာ ။             ။ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲတွင် မန်ချက်စတာစီးတီးအသင်းကို မန်ချက်စတာယူနိုက်တက်အသင်း ကျော်တက်နိုင်မည်ဟု ဟာရဲရားက အခိုင်အမာဆိုလိုက်သည်။

ယူနိုက်တက်သည် နောက်ဆုံးငါးပွဲတွင် မန်စီးတီးနှင့်အမှတ်ကွာဟမှုကိုလျှော့ချနိုင်ခဲ့ပြီး အဆင့် ၅ နေရာတွင် တစ်မှတ်အကွာဖြင့် ရပ်တည်နေ သည်။

ဒါဘီပွဲတွင် မန်စီးတီးကိုအနိုင်ရလိုက်သောကြောင့် မန်ယူအသင်း၏အရှိန်ဆက်တိုးလာဦးမည်ဟု အသက် ၂၆ နှစ်အရွယ် ဟာရဲရားက ပြောသည်။

"အဆင့် ၅ နေရာကိုရောက်နေပြီး ထိပ်ဆုံးလေးသင်းထဲဝင်ချင်ရင် လက်ရှိပုံစံကို ဆက်ထိန်းရမယ်။ မန်စီးတီးကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ ချင်နေလို့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာဖြစ်ပြီး အဆင်သင့်လည်း ဖြစ်နေပြီ။

မန်စီးတီးမှာ ကစားသမားကောင်းတွေရှိပြီး တောင့်တင်းတဲ့အသင်းပါ။ ဒါပေမဲ့လက်ရှိအချိန်မှာတော့ သူတို့ကို ကျွန်တော်တို့ရင်ဆိုင်နိုင်စွမ်းရှိနေ ပါပြီ။ သူတို့ကိုအဝေးကွင်းမှာ အနိုင်ရလိုက်တာက သိပ်ကောင်းပါတယ်။ ယူနိုက်တက်ဟာ နှစ်တိုင်းချန်ပီယံလိဂ်ဝင်သင့်ပါတယ်။ လွန်ခဲ့တဲ့ ၂၅၊ ၂၆ နှစ်အတွင်း ကျွန်တော်တို့တစ်ကြိမ်လောက်ပဲလွဲခဲ့တယ်ထင်တယ်"ဟု ဟာရဲရားက ပြောသည်။

ဆက်လက်၍ဟာရဲရားက မန်စီးတီးသည် တန်းဆင်းဇုန်ထဲမှရုန်းကန်နေသည့် နယူးကာဆယ်ကိုအဝေးကွင်းကစားရမည်ဖြစ်၍ ခက်ခဲမည် ဖြစ်ကြောင်း၊ ယူနိုက်တက်မှာ စပါးနှင့်ရင်ဆိုင် ရမည်ဖြစ်သော်လည်း အသင်းကြီးများနှင့်တွေ့တိုင်းရလဒ်ကောင်းတတ်ကြောင်း၊ အရေးပါသော ကစားသမားများဖြစ်သည့် ရွန်နီ၊ ယန်း၊ ဗလင်စီယာ၊ ဂျုံးစ်နှင့် လုခ်ရှောတို့ ပြန်ပါလာတော့မည်ဖြစ်၍ ယုံကြည်မှုများ တိုးပွားနေကြောင်း ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly