စစ်ကောင်စီ သင်္ဘော ၉ စီး ဧရာဝတီမြစ်ရိုး တလျှောက် ရမ်းသန်းပစ်ခတ်နေ

By KMN (မဇ္ဈိမ)
28 July 2023
စစ်ကောင်စီ သင်္ဘော ၉ စီး ဧရာဝတီမြစ်ရိုး တလျှောက် ရမ်းသန်းပစ်ခတ်နေ

မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဇူလိုင် ၂၆ ရက်ကစပြီး ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကို ဆန်တက်နေတဲ့ စစ်ကောင်စီ သင်္ဘော ကိုးစီး တန်းဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျေးရွာတွေကို စက်သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီစစ်သင်္ဘော ရေယာဉ်တန်းဟာ  ဇူလိုင်လ ၂၆ ရက်နေ့၊ နေလယ် ၁နာရီခွဲခန့်မှာ မတ္တရာမြို့နယ် ပိုဝတောင်ရွာနား ရောက်ရှိချိန်မှာ  ပစ်ခတ်ခဲ့တာဖြစ်ပြီး
စိန်ပန်းကုန်းရွာ အနီးနားမှာ နေထိုင်တဲ့ အသက် ၄ဝ အရွယ် အမျိုးသမီးနဲ့ သူရဲ့ အသက် လေး နှစ်ရွယ်ကလေးငယ် ကျည်ထိမှန်ခဲ့တယ်လို့ Wetlet Informational Network ကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ သင်္ဘော ကိုစီး တန်းကို ဇူလိုင် ၂၇ ရက်နေ့ နေ့လည်ပိုင်းကကျောက်မြောင်းမြို့အထက်နားမှာ ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ဘော နှစ်စီးထိမှန်ကာ တစ်စီး နစ်မြုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေ အရသိရပါတယ်။ သင်္ဘော တစ်စီး နစ်မြုပ်မူနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေ ကို မဇ္ဈိမက ဆက်သွယ် အတည်ပြုလို့ မရသေးပါဘူး။

ဒီစစ်ကောင်စီ ရေယာဉ်တန်းဟာ မနေ့ညကစပြီး ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့ အထိ သပိတ်ကျင်းမြို့ ဆိပ်ကမ်းမှာ ဆက်လက် ရပ်နားနေတယ်လို့ ထီချိုင်းမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly