နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ ဇူလိုင် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်  ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် နှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) တို့အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြသည်။

•    တော်လှန်ရေးတွင် စစ်အုပ်စု ရှုံးနေပြီဆိုတာပေါ်လွင်နေပြီး ၎င်းတို့ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်း စုကြည်ကိုလဲ  အင်မတန် အခုအချိန်မှာ အားကိုးနေရကြောင်း အရပ်သားစကားပြောမယ်ဆိုရင် ထမီနားခိုနေ ရပြီ ဆိုတာ ဝန်ခံရာရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေ ကပြောပါတယ်။

•    အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Dallas မြို့ နှင့် Houston မြို့တွေကို၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင် သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ မိသားစုများ တခြား မြန်မာနွယ်ဖွား၊ တိုင်းရင်းသား လူမျိုးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

•    မွန်ပြည်နယ်အတွင်းက KNU တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ များကို CDM ဆရာဝန်ကြီများ၊ ကျန်းမာရေးဝန်ထမ်းများ အကူအညီဖြင့် ဇူလိုင် ၂၇ ရက်၌ ကျန်မာရေး စောင့် ရှောက်မှုပြုလုပ်ပေးခြင်းနှင့် ဆေးကုပေးများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသမှူးရုံးက သတင်းထုတ်ပြန်သည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၃) ကို ဇူလိုင် ၂၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•    ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၂၅/၂၀၂၃)ကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•    တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာ ရန်သူ့ဂိတ်ကို PDF ပူးပေါင်းတပ်က သွားရောက် ပစ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ (စစ်ရုံးချုပ်) ကထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ၊ အင်ပင်ရွာ၌ ဇူလိုင်လ ၁၇ရက်နေ့တွင် စစ်ဘေးရှောင်နှစ်ဦး မိုင်းထိသေဆုံး သွားကြောင်း Indaw Revolution -IR အဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

•    စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ ရုံးခန်းကို ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်အစော ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးတို့ ကို သတ်ဖြတ်သွားကြောင် ဗကသများအဖွဲ့ချုပ် မှ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

•    မြင်းမူမြို့နယ်တွင် ဇူလိုင်လ ၂၇ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေး မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း မြင်းမူလင်းယုန်နက်အဖွဲ့ (Black Eagle Defence Force – MMU) က ထုတ်ပြန်သည်။

•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတစ်နေရာရှိ ရေးပြောက်ကျားတပ်ဖွဲ့(YGF) ၏ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးခန်း ဝင်ရောက်စီးနင်းခံရသဖြင့် လက်နက်ခဲယမ်း ကျပ်သိန်း ၂,၀၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

•    အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမည်ကို အသုံးပြုပြီး ဟာသရိုက်ကူးခဲ့သည့် မန္တလေးမြို့က နာမည်ကြီး Tik Tok ဆယ်လီဇော်ဝင်းမောင်ကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ၂၆ရက် ညနေပိုင်း တွင် ဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

•    ဂျပန်နိုင်ငံက မြန်မာစစ်အာဏာသိမ်းအုပ်စုကို အာဆီယံနှင့် G7 တရားရေး ဝန်ကြီးများအစည်းအဝေးမှ ဖယ်ချန်ထားမှု လမ်းကြောင်းမှန် ခြေလှမ်း အစဉ် အလာအဖြစ် အရပ်ဘက်အဖွဲ့ Defend Myanmar Democracy နှင့် Progressive Voice တို့က ကြိုဆိုလိုက်ကြသည်။

•    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီး ထားကြောင်း Thabeikkyin Revolution - TR မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

တိုင်းရင်းလက်နက်ကိုင်များ

•    ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ မတူပီ - ဟားခါးလမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးကို စစ်ဆင်ရေးပြုလုပ်၍ ဖမ်းဆီးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ယမန်နေ့ ဇူလိုင်လ ၂၇ရက်တွင်ထုတ်ပြန်သည်။

•    ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားရှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

•    မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မိုင်းမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ၁၂ ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ ကြောင်း ပူးပေါင်း တပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

•    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးရှိ အကြမ်းဖက်စစ်တပ်ယာယီစခန်း တစ် ခု ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြား ကြောင်း ကရင်နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်၏ပြောဆိုချက်ကိုကိုးကား၍ ရန်ကုန်‌ ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

•    ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အီနိုင်းရွာအနီးရှိ TNLA တပ်စခန်းကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက် ရာ TNLA ရဲဘော် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

•    မြန်မာငွေကြေးတန်ဖိုးဆက်တိုက်ကျဆင်းခဲ့ပြီး စီးပွားရေးမတည်မငြိမ်ဖြစ်နေသော်လည်း စစ်ခေါင်းဆောင် ကတော့ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်မှာ မြန်မာ့စီးပွားရေး ၄ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်မှန်းထား ကြောင်း  ဇူလိုင် ၂၆ ရက်မှာ ပြောကြားခဲ့သည်။

•    တစ်နှစ်ခွဲကာလအတွင်း တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိမှုအနေဖြင့် ကျပ် ၁၂၇ ဘီလီယံကျော်ရှိပြီး အရင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ရင် များစွာတိုးတက်ဖမ်းဆီးနိုင်ခဲ့ကြောင်း အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောသည်။

•    မတရားဖမ်းဆီးခံထားရသည့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှတစ်ဆင့် အစိုးရ အဆောက် အဦ တစ်ခုကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဌာနများက ဖော်ပြထားကြသည်။

•    တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းသည် နေပြည်တော်သို့ ရောက်ရှိနေ ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

•    နေပြည်တော်ကို ရောက်ရှိနေသည့် တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် ဖမ်းဆီးခံထား ရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း Myanma Plaform သတင်းတွင် ဖော်ပြ ထားသည်။

•    အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက ဖမ်းဆီးထိန်း သိမ်းထားသော နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပေးတွေ့ခဲ့ ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

•    တရားမဝင် ကုန်သွယ်မှုများကိုထိန်းချုပ်ရန်အတွက်  ဈေးကွက်နှင့် သိုလှောင်ရုံများအထိ စစ်ဆေးဖမ်း ဆီးမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

ဇူလိုင် ၂၈ ရက် သုံးသပ်ချက်

•    အဖက်ဖက်က အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အာဏာလုစစ်ကောင်စီသည်နောက်ဆုံးမှာ တော့ ၎င်းတို့ မတရားဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည် ကို အသုံးချကာ အကျပ်အတည်းမှ လွတ်မြောက်ပြီး အာဏာဆက်လုထားနိုင်ရန် ကြိုးပမ်း နေသည်။

•    စစ်ကောင်စီတပ်သားများသည် တိုက်ပွဲများတွင် အသေများနေသလို ထွက်ပြေးသူနှင့် လက်နက် ချသူများပြားနေကာ စစ်တိုက်လိုစိတ်မရှိ၍ အဖမ်းခံရသူများပါ ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required