နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဇူလိုင် ၂၀၂၃)

By မဇ္ဈိမ 
27 July 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာလိုက်သည်။
•    ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း အမှတ်(၃)ကို လက်နက်နှင့်အတူ ပြည်သူ့ဘက် ပူးပေါင်းလာသည့် တပ်ကြပ်ကြီး (၁) ဦးကို ငွေကျပ် (၄၄) သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၄/၂၀၂၃)ကို ဇူလိုင်လ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကြား ဒုတိယအကြိမ်အဖြစ် မူဝါဒပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်သည် ၎င်းတို့အာဏာလုယူသည့် လုပ်ရပ် တည်မြဲနေအောင် နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးဖို့ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။
•    မကွေးတိုင်း၊ ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် စစ်ကောင်စီဘက်တော်သား သဘာ၀ရိပ်သာဘုန်းကြီးကို အမေရိကန် မြန်မာရောက် မြန်မာများက ဆန္ဒပြ နှင်ထုတ်နေကြကြောင်း အခင်းဖြစ်ပွားသည့် နေရာမှ မြန်မာ San Lin ၏ လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်မှုအရ သိရှိရသည်။
•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပါဝင်သည့် ရွာပေါင်းစုံ သပိတ် ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ဇူလိုင်လ၂၇ရက်တွင် ပြုလုပ်ခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း ၊မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် ခရီးသွားပြည်သူများကို စစ်ဆေးပြီးငွေတောင်းခံနေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးသွားကြောင်း Black Eagle Defence Force (MMU) က ဇူလိုင်လ ၂၇ရက် ယနေ့တွင်ထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ တပ်စွဲနေခြင်းကြောင်း ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကာယကံရှင်များက ပြောသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို Shar Htoo Waw နည်းပညာဖြင့် အဆင့်မြှင့်တင်ထားသော ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့တွင် နေအိမ် စိတ်မချ၍ ပြန်လာသည့် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။
•    ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နာမည်ကျော်ကုန်တိုက်ကြီးတစ်ခုဖြစ်သည့် John Lewis Partnership ကုန်တိုက်က မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ရောင်းချတာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာသည်။ 
•    မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ကင်းဂိတ်စခန်းကို ဇူလိုင်လ ၂၆ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force မှ ထုတ်ပြန်သည်။
•    မြန်မာနိုင်ငံတွင်  စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်သည့် အင်အားစုများနှင့် အရပ်သားပြည်သူများကို တိုက်ခိုက် နှိမ်နင်းရန် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက စစ်လက်နက်နှင့် စစ်ပစ္စည်းများ ဒေါ်လာသန်းချီ ဝယ်ယူခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ၏ အစီရင်ခံစာ ကို အခိုင်အမာ ထောက်ခံတဲ့သည်ဟု အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်သည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဂျူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ထားဝယ် ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း ဦးဆောင်သူများထံက သိရသည်။
•    မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းထံမှ သိရသည်။
•    ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ သိရသည်။
•    
တိုင်းရင်းလက်နက်ကိုင်များ
•    ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ကား ၁ စီး မီးလောင် ပျက်စီးခဲ့ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ထုတ်ပြန်ထားသည်။
•    ရှမ်း-ကယားနယ်စပ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။
•    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟို ထံမှ သိရသည်။
•    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့အကြား ကားလမ်းကို လုံး၀ အသုံး ပြု ခြင်းမပြုရန် ကရင်အမျိုး သားကာကွယ်ရေးအဖွဲ့ KNDO က ညွှန်ကြား ချက် တစ်ရပ် ထုတ်ပြန်သည်။
•    ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ PCM ဘုရားကျောင်း၌ စစ်ဘေး တိမ်းရှောင် နေသည့် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများ ပြန်မပေးဘဲ ဖျောက်ဖျက်လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။
စစ်ကောင်စီ
•    မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည့် မလေးရှားနိုင်ငံက လူ့အခွင့်အရေး ကိစ္စကို ပစ်ပယ်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီနှင့် အာဆီယံနိုင်ငံများအကြား အလွတ်သဘော ဆက်ဆံတာမျိုး ခွင့်ပြုပေးသင့်ကြောင်း ထုတ်ဖော်ပြောလိုက်သည်။
•    ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေအား စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။
•    ရုရှစစ်တပ်အတွင်း ကိုင်တွယ်အသုံးပြုနေသော စစ်ကောင်စီမှ ထုတ်လုပ်သည့် အမြောက်ဆန်တစ်ခုကို စိစစ်တွေ့ရှိထားကြောင်း Militarnyi ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
•    ဇူလိုင်လကုန်တွင် ကုန်ဆုံးမည့် အရေးပေါ်ကာလ ထပ်မံသက်တမ်း တိုးမတိုး ဆိုတာကို အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းပြောဆိုချက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။
•    ဘဏ္ဍာငွေလိုအပ်ချက်မရှိဘဲ နိုင်ငံအတွင်း လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။
•    နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမည့်ကိစ္စအား ဝေဖန်မှုတွေအပေါ် စီးပွားရေး ကမောက်ကမဖြစ်စေရန် နိုင်ငံရေးအရ တိုက်ခိုက်ခြင်းဖြစ်ကြောင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောသည်။
•    နယ်စပ်ဒေသများတွင် တိုးမြင့်လာသည့် နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာများကို ဖြေရှင်ရန် ထိုင်းနှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဇူလိုင် ၂၇ ရက် သုံးသပ်ချက်
•    နှစ်သောင်းတန်ထုတ်ဝေမှုအပေါ် ဝေဖန်မှုသည် စီးပွားရေးအရတိုက်ခြင်းဖြစ်သလို ထိခိုက်မှုမရှိ ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ကမြေပြင် ပြည်သူများ၏ အသံနားမထောင်ဘဲ  မျက်ကွယ် ပြုကာ ပြောနေပြန်သည်။
•    စစ်ကောင်စီမှ ကျေးရွာများကို မီးရှို့ရုံသာမက စစ်ရှောင်နေသည့် ပြည်သူများကို ပါ လိုက်လံ သတ်ဖြတ်သည့်အထိ စစ်ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly