အစိုးရသစ်၏ ငြိမ်းချမ်းရေး ကြိုးစားမှုကြား ရှမ်းပြည်နယ်တွင် တင်းမာမှုများ မြင့်တက်

အစိုးရသစ်၏ ငြိမ်းချမ်းရေး ကြိုးစားမှုကြား ရှမ်းပြည်နယ်တွင် တင်းမာမှုများ မြင့်တက်
(ဓာတ်ပုံ - အီးပီအေ)

မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ခံ အရပ်သားအစိုးရသစ်က ပြီးခဲ့သည့် သီတင်းပတ်တွင် တာဝန်ယူချိန် ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းကြောင်းက သွေဖယ်နေဆဲပင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တပ်မတော်သည် ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ခြောက်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ရှမ်းသံတော်ဆင့်သတင်းအေဂျင်စီက ယခုသီတင်းပတ်တွင် သတင်းဖော်ပြသည်။

လက်ရှိသမ္မတ ဦးထင်ကျော် တာဝန်ယူချိန် ၂၀၁၁ အစောပိုင်းက သမ္မတတာဝန်စယူခဲ့သည့် ယခင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တုန်းက မရှိခဲ့သည့် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလာသည်။

ပြီးခဲ့သည့်လများအတွင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးသော အဖွဲ့များကြား တင်းမာမှုများ ဖြစ်လာခဲ့သည်။

"NCA မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးကြတဲ့ အဖွဲ့တွေကြားက စိတ်ဝမ်းကွဲပြားမှု မြင့်တက်လာတာ စိုးရိမ်စရာပဲဖြစ်ပါတယ်။"ဟု တက်ကြွလှုပ်ရှားသူ ခင်ဥမ္မာဦးဆောင်သည့် NGO အဖွဲ့ဖြစ်သော Burma Partnership အဖွဲ့က မကြာသေးမီက အစီရင်ခံစာထုတ်ပြန်သည်။

NLD ထံ အာဏာတရားဝင်လွှဲပြောင်းခြင်း မတိုင်မီ သီတင်းပတ်များက ရှမ်းမြောက်ပိုင်းအခြေအနေမှာ စစ်တပ်တပ်ကူများ ပိုမိုရောက်ရှိနေပြီး ပို၍စိုးရိမ်စရာဖြစ်နေကြောင်း ရှမ်းသံတော်ဆင့်က ဖော်ပြသည်။

အစိုးရစစ်တပ်စစ်ကူများကြောင့် ဒေသခံများအတွက် ပိုမိုဖိစီးမှုများဖြစ်နေရကြောင်း Burma Partnership က မှတ်ချက်ပြုသည်။

စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ အထိရှိခဲ့ရာ နေရပ်ရွှေ့ပြောင်းနေထိုင်နေရသည့် တိုင်းရင်းသားဦးရေသည် ၂၀၁၅ ခုနှစ်အတွင်း ၆၆၂၀၀၀ ကျော်အထိ များပြားလာကြောင်း Burma Partnership အစီရင်ခံစာတွင် ဖော်ပြသည်။

အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲများအားလုံး အဆုံးသတ်ရေး တစ်နိုင်ငံလုံးအပစ်ရပ်ရေး သဘောတူညီမှုမှာ အစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly