ယင်းမာပင်မြို့နယ်တွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
27 July 2023
ယင်းမာပင်မြို့နယ်တွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ယင်းမာပင် လူထုသပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပါဝင်သည့်  ရွာပေါင်းစုံသပိတ်ကော်မတီက   စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို  ယနေ့ဇူလိုင်လ၂၇ရက်တွင် ပြုလုပ်ခဲ့ကြသည်။ 

စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြကြောင်း သိရသည်။

 ရွာပေါင်းစုံသပိတ်ကော်မတီတာဝန်ရှိသူက လူထုအား “ ရန်သူစစ်အုပ်စုက ဘာတွေလုပ်နေလဲ ၊ ဘယ်လို တော်လှန်ကြမလဲ ၊ ဘယ်လို ကြုံတွေ့နိုင်လဲ “  စသည့် ခေါင်းစဥ်များဖြင့် နိုင်ငံရေး တရား ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly