စစ်ကောင်စီရဲ့ အာဏာလုလုပ်ရပ် တည်မြဲအောင် သက်တမ်းတိုးဖို့ ကြိုးစားနေတာလို့ NUG ပြော (ရုပ်သံ) 

စစ်ကောင်စီရဲ့ အာဏာလုလုပ်ရပ် တည်မြဲအောင် သက်တမ်းတိုးဖို့ ကြိုးစားနေတာလို့ NUG ပြော (ရုပ်သံ) 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့အာဏာလုယူတဲ့ လုပ်ရပ် တည်မြဲနေအောင် နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးဖို့ကြိုးစားနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

စစ်တပ်က မဲစာရင်းအကြောင်းပြ အရေးပေါ်အခြေအနေကို တစ်နှစ်ကြေညာပြီး အာဏာသိမ်းခဲ့တာ အခုဆိုရင် အချိန် နှစ်နှစ်ခွဲ ဝန်းကျင်အထိရှိလာပါပြီ။ အာဏာသိမ်းအပြီး စစ်တပ်ကနေဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ဥပဒေပုဒ်မ ၄၂၅ ကိုအသုံးပြုပြီး  သုံးကြိမ်အထိ သက်တမ်းထပ်တိုးထားပါတယ်။

 ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ နောက်ဆုံးအကြိမ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ သူ့ရဲ့သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

သတင်း၊ တည်းဖြတ် ။ ။ လင်းသူရိန်
စာတည်း ။ ။ Alden

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly