စစ်ကောင်စီကြောင့် တခြားနိုင်ငံသားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေ

By မဇ္ဈိမ 
26 July 2023
စစ်ကောင်စီကြောင့် တခြားနိုင်ငံသားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေ

မြန်မာပြည်က အထည်ချုပ်စက်ရုံတွေရဲ့ လက်ရှိအခြေခံလုပ်ခလစာဟာ တစ်ရက်ကို ၄၈၀၀ ကျပ်ဖြစ်ပြီး အဲဒီ အထည်ချုပ်စက်ရုံတွေကနေ တကယ့်ဈေးကြီးပေးရတဲ့ ကမ္ဘာကျော် ဘရန်းတွေကို ချုပ်ပေးနေတာ ဖြစ်ပါတယ်။

 

၄၈၀၀ ဆိုတဲ့ ကျပ်ငွေဟာ လူသုံးလေးယောက်ရှိတဲ့ မိသားစုတစ်စုကို ဘယ်လိုမှ ကျားကန်ပေးလို့မရတာ အများအသိဖြစ်ပါတယ်။

 

ဆန်ကြမ်း တစ်ပြည်ကိုတောင် ကျပ် ၄၀၀၀ လောက် ပေးဝယ်နေရတဲ့ အနေအထားမျိုးမှာ ကျန်တဲ့ ကျပ် ၈၀၀ နဲ့ ဘာဟင်းစားမှ ဝယ်ယူလို့မရနိုင်ပါဘူး။ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကိစ္စဆိုတာတော့ အဝေးကြီးမှာပါ။

 

စစ်ကောင်စီလက်ထက်မှာ ငွေကြေးဖောင်းပွမှုကြောင့် လူတစ်ယောက်ရဲ့ ဝင်ငွေဟာ အရင်အရပ်သား အစိုးရ လက်ထက်ကထက် ၃ ချိုးတစ်ချိုးလောက်ပဲ တန်ဖိုးရှိလာတဲ့ အပြင် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာမှု တွေကြောင့် အလုပ်သမားတွေ ရပ်တည်ရ ခက်ခဲလာပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly