မုသားတွေဖြန့်ကျက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာတဲ့ စစ်ကောင်စီ (ဆောင်းပါး)

မုသားတွေဖြန့်ကျက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာတဲ့ စစ်ကောင်စီ (ဆောင်းပါး)

လုပ်ကြံစွပ်စွဲချက်တွေနဲ့ မတရားဖမ်ဆီးထောင်ချခံထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက သူတို့ရဲ့နိုင်ငံရေးလှည့်ကွက်အဖြစ် ထုတ်သုံးလာတာ
တွေ့ရပါတယ်။ အာဏာသိမ်းစစ်ကောင်စီ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံစွပ်စွဲထားတဲ့
အမှုပေါင်းများစွာနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး နေ ပြည်တော် အကျဉ်းထောင်မှာ
တစ်ယောက်တည်း ချုပ်နှောင်ထားခဲ့တာပါ။ နောက်ထပ်လုပ်ကြံထားတဲ့အမှုတွေနဲ့ လည်း
ထပ်မံချုပ်နှောင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ အစားအသောက် ပုံမှန်ပို့ခွင့်ရတယ်လို့
စစ်ကောင်စီဘက်က တစ်ဖက်သတ်ဆိုထားပေမယ့် သူမ တွေ့လိုသူတွေနဲ့ ပုံမှန်ထောင်ဝင်စာ
တွေ့ဆုံခွင့်မရတဲ့အပြင် တရားရုံးမှာ အယူခံဝင်ထားပေမယ့် သူမရဲ့ရှေ့နေတွေနဲ့တောင် တွေ့ခွင့်မရပါဘူး။

#Mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly