မိုးထဲလေထဲ စစ်ရှောင်နေကြရတဲ့ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာက ဒေသခံများ

By လွှမ်းမိုး (မဇ္ဈိမ)
25 July 2023
မိုးထဲလေထဲ စစ်ရှောင်နေကြရတဲ့ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာက ဒေသခံများ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် စုန်းချောင်း ကျေးရွာက ဒေသခံတွေဟာ ဇူလိုင်လ ၂၁ရက်နေ့ကစပြီး စစ်ရှောင်နေကြရပါတယ်။

စုန်းချောင်းကျေးရွာတစ်ဖက်ကမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့အတွက် လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ ရုတ်တရက်စစ်ကြောင်းထိုးချိန် ထွက်ပြေးလာကြရတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်လာသူတွေက ဆိုပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စုန်းချောင်းဒေသခံတွေကို သတ်ဖြတ်တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ ဒေသခံတွေဟာ အခုလိုထွက်ပြေးတိန်းရှောင်နေကြရတာ ဖြစ်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

လက်ရှိစစ်ရှောင်ရာ နေရာတွေကို မြစ်ရေတက်လာတဲ့အတွက် တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။

ရုပ်သံတည်းဖြတ်။         ။ ဂျူချန်း

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly