တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မြန်မာနိုင်ငံ ယနေ့ရောက်မည်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မြန်မာနိုင်ငံ ယနေ့ရောက်မည်
(Photo - Wiki)

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး Mr.Wang Yiသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ 

၎င်းက ဧပြီလ ၅ရက်နေ့မှ ၆ရက်နေ့ထိ မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mrs.Hua Chunying ကြေငြာလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags