ဆာဒီယို မာနေး - ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်နာဆာထံမှ ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ်တိုက်ကစားသမား စဉ်းစားနေ

ဆာဒီယို မာနေး - ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်နာဆာထံမှ ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ်တိုက်ကစားသမား စဉ်းစားနေ

ဘိုင်ယန်မြူးနစ်တိုက်ကစားသမား ဆာဒီယို မာနေးဟာ ဆော်ဒီအာရေးဗီးယား ပရိုလိဂ်ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုတစ်ရပ်ကို စဉ်းစားနေပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးလ်ကနေ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာအပြီး ပထမဆုံးရာသီမှာ စိတ်ပျက်စရာဖြစ်လာတဲ့နောက် ဘွန်ဒက်လီဂါချန်ပီယံများအသင်းမှာ မျက်နှာသာပေးမခံခဲ့ရပါဘူး။

မန်နေဂျာ သောမတ်တူချယ်လ်က မာနေးဟာ “မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့တယ်” လို့ ပြောဆိုမှုနဲ့အတူ ဘိုင်ယန်မြူးနစ်ဟာ ဆီနီဂေါလက်ရွေးစင်ကို ရောင်းချသွားဖို့ လမ်းဖွင့်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မာနေးဟာ အယ်လ်နာဆာအသင်းနဲ့ စကားပြောဆိုခဲ့ပေမယ့် ဆော်ဒီကလပ်နဲ့ သဘောတူညီမှုမရသေးပါဘူး။

မာနေးသာ ပြောင်းရွှေ့မယ်ဆိုပါက သရဲနီကစားသမားဟောင်း အဲလက်စ် တဲလက်စ်၊ ခရိုအေးရှားလက်ရွေးစင် မာဆယ်လို ဘရိုဇိုဗစ်တို့ဟာလည်း အခုနွေရာသီမှာ အသင်းကို ရောက်ရှိလာကြချိန် သူဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်၊

အန်ဖီးလ်မှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မာနေးရဲ့ ပြီးခဲ့တဲ့နွေရာသီက ဂျာမနီကို ပြောင်းရွှေ့လာမှုက "ဒီစိန်ခေါ်မှုအတွက် အချိန်မှန်" ဖြစ်ခဲ့တယ်လို့ အသေအချာပြောဆိုထားပါတယ်။

ဒါပေမယ့် သူ့ရဲ့အချိန်တွေဟာ ဆိုးလာခဲ့ပါတယ်။ ဧပြီလက မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး သူဟာ အသင်းဖော် လီရွိုင်ဆာနေးကို ထိုးကြိတ်ခဲ့တယ်လို သတင်းထွက်ခဲ့အပြီး အဲဒီအပြီး လူစာရင်းကနေ ထုတ်ပယ်ခဲ့သလို ဒဏ်ငွေလည်း ချမှတ်ခံခဲ့ရပါတယ်။ 

မာနေးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အတွက် ၃၈ ပွဲကစားကာ ၁၂ ဂိုး သွင်းယူပြီး နည်းပြ တူချယ်က “ပြိုင်ဆိုင်မှု အခြေအနေက အလွန်မြင့်မားပါတယ်၊ သူ့အတွက် ပွဲထွက် နေရာက မလွယ်ကူပါဘူး။

"ကစားသမားလည်း ဒါကိုသိပါတယ်၊ သူက ကျနော့်အမြင်နဲ့ ကလပ်ရဲ့အမြင်ကို သိပါတယ်။"လို့ ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly