လောင်းလုံးမြို့နယ်တွင် ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် ( ရုပ်သံ )

By ကိုရွှေမြိတ်(မဇ္ဈိမ)
24 July 2023
လောင်းလုံးမြို့နယ်တွင် ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် ( ရုပ်သံ )

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် “ကမ္ဘာမကြေဘူးသီချင်း”သီဆိုခြင်း၊ ခေတ်ကာလတလျှောက် ကျဆုံးဒီမိုကရေစီ သူရဲကောင်းများအား အလေးပြုခြင်း၊ တော်လှန်‌ရေးသစ္စာပြုခြင်းအပါအဝင် ခရီးကြမ်းအတွက် ခွန်အား ဖြစ်စေမည့် တော်လှန်ရေးဇာတ်ကားများ ပြသကြည့်ရှုခြင်း စသည့် တော်လှန်ရေးလှုပ်ရှားမှု အစီအစဉ် များ ဖြင့် လှုပ်ရှားခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly