ကရင်နီစစ်ရှောင် အချို့ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေ (ရုပ်၊သံ)

By KMN (မဇ္ဈိမ)
21 July 2023
ကရင်နီစစ်ရှောင် အချို့ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေ (ရုပ်၊သံ)

ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူအချို့ဟာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး သူတွေကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်မှုကြောင့် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်မိသားစုတွေဟာ မိုးကာတဲငယ်လေးတွေမှာ လူဦးရေထူထပ်စွာ နေထိုင်နေကြရပါတယ်။ 

မိုးတွင်းကာလရောက်လာတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဟာ ရာသီတုပ်ကွေးရောဂါခံစားနေကြရပြီး ခြင်ပေါက်ဖွားမှုများလာတာကြောင့် ငှက်ဖျားရောဂါဖြစ်ပွားသူတွေ တွေ့လာရတယ်လို့ Hope - လူသားခြင်းစာနာမှုဆိုင်ရာကူညီစောင့်ရှောက်ရေးအဖွဲ့ ကျန်းမာရေး စောင့်ရှောက်ပေးသူကပြောပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly